Wednesday, January 22, 2014

၁၃၀၀ပြည့်အရေးတော်ပုံ(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားကျင်းပ




၁၃၀၀ပြည့်အရေးတော်ပုံ(၇၅)နှစ်မြောက် စိန်ရတုသဘင် အခမ်းအနားကို မနက်(၉)နာရီနှင့် နေ့လည်(၁၂း၃၀)နာရီတို့တွင် မင်းဓမ္မလမ်း၊ MCC ခန်းမတွင် ဇန်နဝါရီ ၂၂ ရက်ကကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ၁၃၀၀ပြည့် တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အာဠာဝက သခင်ဘိုးလှကြီးနှင့်သူ၏ သပိတ်စစ်ပွဲစာတမ်းအား ဦးနေဝင်း( စာရေးဆရာဦးနေဝင်းစံ)က ဖတ်ကြားစဉ် “သခင်ဘိုးလှကြီးရဲ့ ရုပ်တု ချောက်မြို့မှာရှိတယ် ဒါပေမဲ့ ချောက်မြို့၌ ယခုခေတ်ကျောင်းသူ၊ ကျောင်းသားများက ဘိုးလှကြီး ရုပ်တုကို မြင်သာမြင်တယ် ဘယ်သူလဲဆိုတာကို မသိကြဘူး ဘာလို့လဲဆိုတော့ ဘိုးလှကြီးရုပ်တုအောက်မှာ ကပ်ထားတဲ့ ကျောက်ပြားမှာ ကွာကျပြီး ပျောက်ဆုံးသွားလို့ မသိခဲ့ကြဘူး။ မြို့မိမြို့ဖများကတော့ သခင်ဘိုးလှကြီး၏ အမည် ရေးထိုးထားတဲ့ ကျောက်ပြားကို ပြန်လည်တပ်ဆင်ဖို့ သက်ဆိုင်ရာကို ပန်ကြားထားတယ် ဒါပေမဲ့ ဘိုးလှကြီး၏ အမည်စာလုံးပေါင်းက ဖဦးထုပ်နှင့် ဖိုးသည်လား၊ဘကုန်းနှင့် ဘိုးသည်လား မသေချာလို့ တပ်မပေးတာလို့ ပြန်ပြောခဲ့တယ်”ဟု ပြောသည်။

ယင်းနောက် ဦးအောင်မြင့်ဦး (စာရေးဆရာ အောင်မြင့်ဦး)က ၁၃၀၀ပြည့် အရေးတော်ပုံကြီးတွင် တို့ဗမာအစည်းအရုံး၏ ဦးဆောင်မူ အခန်းကဏ္ဍကို လေ့လာသော စာတမ်းအားဖတ်ကြားခဲ့ပြီး ဦးထွန်းထွန်းဝင်း(စာရေးဆရာ ထွန်းဝင်းငြိမ်း)က ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ၁၃၀၀ပြည့်အရေးတော်ပုံ စာတမ်းအားဖတ်ကြားခဲ့သည်။

၁၃၀၀ပြည့် အရေးတော်ပုံစိတ်ဓါတ် – မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမူနှင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ရှေ့နေ ဦးဌေး က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၉၉၀ရွေးကောက် တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ သဘောဆန္ဒမပါဘဲ တစ်ဖက်သပ်ရေးဆွဲအတည် ပြုခဲ့သော ဖွဲ့စည်းပုံဖြစ်တယ် ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်”ဟု ပြောသည်။

ဦးတင်အောင်၊ ကျွန်းပြန်(စာရေးဆရာ ဖေဝမ်း)က စိန်ရတုအလွန် နိုင်ငံရေးစစ်တမ်းအား ဖတ်ကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး တောင်သူလယ်သမားနှင့် ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ၏ သဘောထားကြေညာချက် စာတမ်းအား ဦးသိန်းဝင်း (တောင်သူ လယ်သမားနှင့် ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ ခေါင်းဆောင်)က ဖတ်ကြားခဲ့သည်။

ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment

My Blog List