Tuesday, January 21, 2014

အမှားလုပ်မိမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ လက်မှတ်ထိုးရန် တိုက်တွန်း




ကရင် ပြည်နယ်လော်ခီလား၌ ယနေ့ ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညီလာခံ၌ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေး ဖိုးက နိုင်ငံဖွံ့ဖြိုးမှုအတွက်ပါ ဝင်ရမည့် ယန္တရားများနှင့် ဘုံ သဘောတူညီချက်များကို သဘောတူ လက်မှတ်ရေးထိုးရာ၌ အမှားလုပ်မိမှာ မကြောက်ကြဘဲ ရဲရဲဝံ့ဝံ့လက်မှတ်ထိုး၍ သမိုင်းတင်ကြပါဟု မိန့်ခွန်းအ တွင်း ထည့်သွင်းပြောသည်။

“အမှားလုပ်မိမှာ မကြောက်ကြပါနဲ့။ အောင်မြင်တဲ့ငြိမ်းချမ်း ရေးဖော်ဆောင်ရာမှာ ပါဝင်ရ မယ့်ယန္တရား များနဲ့ သဘောတူ ညီချက်များကို ကဏ္ဍပေါင်းစုံနဲ့ ဘက်ပေါင်းစုံမှ အသိသက်သေများရဲ့ ရှေ့မှောက်မှာ ရဲရဲဝံ့ဝံ့ လက်မှတ်ရေးထိုး သမိုင်းတင်ကြပါ””ဟု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးပြဿနာများဖြေရှင်းချိန်၌ ပြတ်သားသည့် နိုင်ငံရေးဦးဆောင်မှု အောက်တွင်  နာခံမှုကောင်းသူများအဖြစ် ပြောင်းလဲမှုများအား ပံ့ပိုးပေးကြရန်၊ လွတ်လပ်စွာတွေးခေါ်၍ အနာဂတ် ကောင်းများ ဖန်တီးရန်၊ တာဝန်ခံမှုကင်းသည့် လုပ်ရပ်များကို ရှောင်ရှားရန်၊ ယုံကြည်မှုတည်ဆောက်ခြင်း ဖြင့် ဆက်သွယ်ရေးလမ်းကြောင်း များဖန်တီးရန်၊ အမျိုးသမီးနှင့် လူငယ်များ ပါဝင်သည့် လက်တွေ့ ဆန်သည့် တိုင်းရင်းသားစည်း လုံးညီညွတ်မှု တည်ဆောက်ရန် ယင်းက ဆက်လက်တိုက် တွန်းသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး က““အားလုံးပါဝင်တဲ့ သမိုင်း တွင်ရစ်မည့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးကို မဆုတ်မနစ်နဲ့နောက်ကြောင်း ပြန်မလှည့်ရန် သန္နိဋ္ဌာန်ချ လျက်တွေ့ဆုံညှိနှိုင်းခြင်း၊ ငြိမ်း ချမ်းရေးအတွက် ပကတိအခြေအနေ နဲ့ ကိုက်ညီတဲ့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ကြီးကို ရဲရဲဝံ့ဝံ့နဲ့ အားသွန်ခွန် စိုက်ကြိုးစားတည်ဆောက်ကြ ပါစို့””ဟု တိုက်တွန်းပြောကြားခဲ့သည်။

ယင်းပြင်ဆင် ချက်များအားရရှိရန်အတွက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ၏ဆန္ဒသဘောထားများ ဖလှယ် ခြင်း၊ စိုးရိမ်မှုများအား အပြန် အလှန်ပြောဆိုခြင်း၊ တိုင်းရင်း သားများ၏ ဘုံအကျိုးစီးပွားများ အား
 လေးလေးနက်နက် ဖော်ထုတ် ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ယင်းက ““ပြည်သူလူထုအတွက် သိသာမြင်သာတဲ့ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် တင်လျက် အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန် အချိန်နဲ့အခွင့်အရေးကို အမိအရဆုပ် ကိုင်နိုင်ရန်လဲ ထပ်ဆင့် တိုက်တွန်းလိုပါတယ်””ဟု ပြောသည်။ ဒုတိယအကြိမ်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၁ရဖွဲ့ တက်ရောက် ခဲ့ကြပြီး လေ့လာသူများအဖြစ် ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့ (PCG)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ် ဦး(ABSDF)နှင့် နီပွန်ဖောင် ဒေးရှင်းတို့ တက်ရောက်ကြ ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် ကျင်းပသည့် လက်နက်ကိုင်တိုင်း ရင်းသားခေါင်းဆောင်များ ညီ လာခံအား KNU တပ်မဟာ (၇)ဌာနချုပ်ဖြစ်သည့် လော်ခီ လားစခန်းတွင် ဇန်နဝါရီ၂ဝရက် မှ ၂၂ရက်အထိ ကျင်းပမည် ဖြစ်သည်။

လင်းအောင် ၊ ခင်နှင်းကြည်သာ (မြစ်မခ)
Yangon Media Group

No comments:

Post a Comment

My Blog List