Tuesday, January 21, 2014

ရှေးဟောင်းဘုရားများ ခွင့်ပြုချက်မရှိ ပြုပြင်က အရေးယူမည်


ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်း ဘုရားများ ပြုပြင်သူများကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ယင်းဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာ သည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းစေတီများကို ပြုပြင်မှုများ ပြုလုပ်လျက်ရှိပြီး ရှေးဟောင်း ပစ္စည်းများ တွေ့ရှိသည့်အခါမှသာ ဝန်ကြီးဌာနကို အကြောင်းကြားသည်ကို တွေ့ရှိ နေရသဖြင့် သတိပေး ကြေညာချက် ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖမ်းဆီး အရေးယူထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ စစ်ဆေးတွေ့ရှိရင် အရေးယူမယ်” ဟု ၎င်းက ပြောဆိုသည်။ရှေးဟောင်း အမွေအနှစ်ဟု သတ်မှတ်ထားသော စေတီများကို ပြုပြင်ရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာနထံ ခွင့်ပြုချက် တင်ရမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိသော စေတီပုထိုးများ ကိုသာ ပြုပြင်ခွင့်ရမည် ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ထံမှ သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ် စောင့်ရှောက်ထားသော အဆောက်အအုံများ၊ ယင်းအဆောက်အအုံ အတွင်းရှိ ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို တူးဖော်ခြင်း၊ ဖျက်ဆီးခြင်း၊ အသွင်ပျက်စေခြင်း၊ ရွှေ့ပြောင်းခြင်း ပြုလုပ်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနိမ့်ဆုံး ခြောက်လမှ အမြင့်ဆုံး သုံးနှစ်နှင့် ငွေဒဏ် အနိမ့်ဆုံးကျပ် ၅၀၀ မှ ကျပ် ၅၀၀၀ အထိ ချမှတ်နိုင်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List