Tuesday, January 21, 2014

ဖလင် ရှားပါးမှုကြောင့် အကယ်ဒမီဇာတ်ကား ဥ နှင့် မော်ကင်းဥဒါန်း ဇာတ်ကားနှစ်ကားကိုသာ မော်ကွန်း ရုပ်ရှင်၌ မှတ်တမ်း အဖြစ်ထားရှိနိုင်




မြန်မာ့ရုပ်ရှင်လုပ်ငန်း မော်ကွန်း ရုပ်ရှင်ရုံး ခွဲရှိ ဖလင်ထိန်းသိမ်း သိုလှောင်သည့်  ” ဖလင်ပိဋကတ်တိုက်” တွင် မှတ်တမ်းအနေဖြင့် ထိန်းသိမ်းထားရှိရန် ၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီ နောက်ဆုံးအဆင့် ဆန်ခါတင် စာရင်းဝင်ဇာတ်ကား ခုနစ်ကားအနက် “ဥ” နှင့် “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကား နှစ်ကားသာ မှတ်တမ်းအဖြစ်ထိန်း သိမ်း ထား နိုင်ခဲ့ကြောင်း သိရသည်။ 


” ဒီနှစ်မှာ နောက်ဆုံးအဆင့် ဆန်ခါတင်တာက ခုနစ်ကား။ ဒါပေမဲ့ ခုနစ်ကားစလုံး ကို မထိန်းသိမ်းနိုင် လိုက်ဘူး။ ဖလင်ရှားပါးနေတဲ့ အပြင် လက်ကျန်ဖလင် ကလည်း နည်းနေ တော့ကူးလို့ မရဘူး။

နောက် ပြီးတော့ ဒစ်ဂျစ်တယ် အဆင့်မြင့်ကင်မရာတွေနဲ့ ရိုက်ထားတဲ့ ကားတွေ ပါတယ်။ အဲဒါတွေကို ဒီမှာကဖလင်ပြန် ကူးလို့မရတာတွေကြောင့် ခုနစ်ကားလုံးကို မထိန်းသိမ်းလိုက်နိုင်တာပါ” ဟု မော်ကွန်း ရုပ်ရှင်မှ ဦးဘုန်းမြင့် ဝင်းက ရှင်းပြသည်။

 ” အကယ်ဒမီပေးတဲ့ ဆန်ခါတင်ကျန်တဲ့ဇာတ်ကားတွေကိုတော့ မှတ်တမ်းအနေနဲ့ ထိန်းသိမ်းထားတာပေါ့။ ဇာတ်ကား တိုင်းကိုတော့ မဆိုလိုပါဘူး။ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတိုင်း ထိန်းထားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ကူးလို့ရတဲ့ အပေါ်မှာ မူတည်ပြီးတော့ “ဖလင်ပိဋ ကတ်တိုက်”မှာ ထိန်းသိမ်းထားပါတယ်” ဟု မော်ကွန်းရုပ်ရှင်မှ ဒုကြီးကြပ်ရေးမှူး (ပြင်/ထိန်း) ဦးလှကြိုင်က ထပ်လောင်း ပြောပြသည်။

ဖလင်ရုပ်ရှင် ဇာတ်ကားများကို ဖလင် အနေဖြင့် ပြန်ကူးယူ၍ ထိန်းသိမ်းနေရသည့် အခါ ၌ယခင်ကဲ့သို့ ဇာတ်ကား အများကြီး မကူးယူနိုင်တော့ကြောင်း သိရသည်။ 

” ဒစ်ဂျစ်တယ်စနစ် တွေနဲ့ထုတ်လာတော့မယ်ဆိုရင် အဲဒီအတွက်ကိုလည်း စနစ်တစ်ခုနဲ့ ပြန်စုဆောင်းနိုင်ဖို့ လူကြီးတွေက လုပ်ဆောင်နေပါတယ်” ဟု ဦးဘုန်းမြင့်ဝင်းက ထပ်မံပြောပြခဲ့သည်။ 

POPULAR NEWS

No comments:

Post a Comment

My Blog List