Tuesday, January 21, 2014

ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဖို့ ယူကရိန်း သမ္မတ ကမ်းလှမ်း



ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှု တွေ ဆက်ဖြစ်နေ တာကြောင့် နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုကို အန္တရာယ် ဖြစ်လာစေမယ်လို့ သမ္မတ ဗစ်တာ ယနူကိုဗစ် က သတိပေး ပြောကြားလိုက်ပါတယ်။

အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် လူထုကို ပြောတဲ့ မိန့်ခွန်းထဲမှာ သမ္မတ ယနူကိုဗစ် က တွေ့ဆုံ ဆွေးနွေးပြီး ညှိနှိုင်း အဖြေရှာဖို့ ပန်ကြားလိုက်ပါတယ်။

ထိပ်တန်း အတိုက်အခံ ခေါင်းဆောင် ဗီတာလီ ကလစ်ချကို က နိုင်ငံ့ အနာဂတ်အတွက် တိုက်ပွဲဝင်ကြဖို့ ယူကရိန်းပြည်သူတွေ အားလုံး ဆန္ဒပြမှုတွေမှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ပါလီမန် အဆောက်အအုံနားတဝိုက်မှာ အကြမ်းဖက် ရင်ဆိုင် တိုက်ခိုက်မှုတွေ ဒုတိယနေ့အဖြစ် ဆက်ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရဲတွေကို လောင်စာဗုံးတွေ ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့တွေကလည်း မေ့ဆေးဗုံးတွေနဲ့ ပြန်တုန့်ပြန် ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဥပဒေအရ ဆန္ဒပြသူတွေကို ကျည်ဆံအစစ်နဲ့ ရဲတွေက ပစ်ခွင့် ရှိတယ်လို့ အစိုးရက သတိပေးထားပါတယ်။

BBC

No comments:

Post a Comment

My Blog List