အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဇန်န၀ါရီ၂၄ရက်နေ့ညနေပိုင်းတွင်နေပြည်တော်မှ လေယဉ်ဖြင့်ထွက်ခွါပြီး ယင်းနေ့တွင် နမ့်ဆန်မြို့တွင်ညအိပ်ရပ်နားမည်ဖြစ်ဟုသိရသည်။
၂၅၊၁၊၂၀၁၄ ရက်နေ့တွင် နမ့်ဆန်မြို့၊ မိုးနဲမြို့၊လင်းခေးမြို့များတွင် လူထုဟောပြောပွဲများကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့တွင် လင်းခေးမြို့၌ ညအိပ်ရပ်နားမည်ဖြစ်သည်။
၂၆၊ ၁၊၂၀၁၄ ရက်နေ့တွင် လာလမ်းခရီးစဉ်အတိုင်း နမ့်ဆန်မြို့သို့ ပြန်လည်ထွက်ခွါကာ လေယဉ်ဖြင့် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ပါသည်။
နမ့်ဆန်ဘောလုံးကွင်းတွင် ၂၅၊၁၊၂၀၁၄ နေ့ နံနက် ၉:၀၀ နာရီ နှင့်မိုးနဲဘောလုံးကွင်းတွင်၂၅၊၁၊၂၀၁၄ နေ့ နံနက် ၁၁:၃၀ နာရီ၊
လင်းခေးဘောလုံးကွင်းတွင် ၂၅၊၁၊၂၀၁၄ နေ့ ညနေ ၃:၀၀ နာရီ တို့တွင်ဟောပြောသွားမည်ဖြစ်သည်။
Popular Myanmar News Journal
No comments:
Post a Comment