Friday, January 24, 2014

သီချင်းဆိုတာ ၀ါသနာပါပေမယ့် အဆိုတော်တွေလို ရှိုးလိုက်ဆိုဖို့ စိတ်ကူးမရှိပါဘူးလို့ ဆိုလိုက်တဲ့ မိုးယုစံ

အနုပညာမျိုးရိုး မရှိပေမယ့် ပြိုင်ပွဲတွေက တစ်ဆင့် အနုပညာလောကထဲ ၀င်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အရယူခဲ့သူကတော့ မိုးယုစံပါ။ 
 
သူမဟာ အခုဆိုရင် ရုပ်ရှင်ကားကြီး ရိုက်ကူးနေပြီး မတ်လမှာတော့ အမေရိကားကို နှင်းဆီအဖွဲ့နဲ့တစ်လကြာ ခရီးသွားမှာဖြစ်တဲ့အတွက် သူမကို အဲ့ဒါနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘အခုရိုက်နေတဲ့ ကားလေးက ကျွန်တော့်ရည်းစား ဘုရားမှာနေသည်တဲ့။ ဒါရိုက်တာက ပန်းချီစိုးမိုး၊ ညီမက ဒီမှာ ကာရိုက်တာ၂ မျိုး၊ တစ်ကိုယ်က ဆံပင်စိန်ရတောက်နဲ့ တောသူမလေး၊ နောက်တစ်ကိုယ်က သိုက်နန်းရှင်မြစိမ်းနွယ်ပေါ့။ ဒီကားလေးက နဲနဲဆန်းတော့ မရိုက်ခင်မှာ အ၀တ်အစား၊ ဆံပင်ကအစ ပြင်ဆင်ရပါတယ်။ ၀တ်စုံတွေ အတွက်ကတော့ ညီမကို မုံရွာမဘုတ်က ချုပ်ပေးတယ်။ နောက်၎စုံလောက်ကတော့ ညီမဒီဇိုင်နာ မထိုက်က ချုပ်ပေးပါတယ်။ ရုပ်ရှင်ကားကြီးလဲဖြစ်တဲ့အတွက် ညီမအတတ်နို်င်ဆုံး ကြိုးစားထားတယ်။

ဒီကားလေးက မြန်မာမှုပြချင်တယ်။ မြန်မာမှုတွေလဲအများကြီးထည့်ရိုက်ထားပါတယ။်  ပြီးတော့  ပရိသတ်ကြိုက်မဲ့ ကားလေးလဲ ဖြစ်ရမယ်။ အဲဒီအတွက် မိုးယု အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ ပြီးတော့ရှေ့မှာ မိုးယုရိုက်ခဲ့တဲ့ကားတွေ ကလဲ ဟာသကားတွေများတယ်။ နောက်ပိုင်းကျမှ ဒရမ်မာတွေ ရိုက်ဖြစ်တာဆိုတော့ ဒီကားလေးက ပရိသတ်စိတ်ဝင် စားအောင်ရယ်၊ ပြီးတော့ နိုင်ငံခြားမှာလဲ ပြချင်တယ်။ နောင်တစ်ချိန်ကျရင် ဒီမြန်မာမှုလေးတွေကို ဖော်ပြခွင့်ရအောင် ရိုက်ထားပါတယ်။ အခုဒီ၂၀၁၄ နှစ်စမှာ ဒီကားကြီး စရိုက်တယ်။ ပြီးရင်ညီမ ၃လပိုင်းတစ်လလုံး အမေရိကားကို နှင်းဆီ အဖွဲ့နဲ့သွားဖို့ရှိပါတယ်။ ဒီကားကြီးကို ဆရာတို့တောင်းတဲ့ရက်ထက် အများကြီး ပိုပေးထားတယ်။ ဒီကားအတွက်၂လ နီးပါး ဗီဒီယို မရိုက်ဘူး။ ပြီးတာနဲ့အမေရိကားသွားမယ်။ ပြန်လာမှ ဗီဒီယိုတွေ ဆက်ရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။

ခုချိန်မှာ သရုပ်ဆောင်တော်တော်များများက ဂီတဖက်ကို ပြောင်းလဲလုပ်ကိုင်နေကြပြီ ဆိုတော့ မိုးယုစံရော ဒီလိုဂီတဘက် ကိုပါ မျှလုပ်ဖို့ရှိမရှိ မေးကြည့်တဲ့အခါ သူမက  ‘ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခု အနေနဲ့တော့ လုပ်ဖြစ်မှာပါ။ မိုးယု ကိုယ်တိုင်လဲသီချင်းဆိုရတာကို ၀ါသနာပါတယ်။ သီချင်းရေးရတာကိုလဲ ၀ါသနာပါတယ။် တချိန်ချိန်တော့ မပြောတတ် ပါဘူး။ ဒါပေမဲ့ အဆိုတော်တစ်ယောက်အနေနဲ့တော့ မဟုတ်ဘူး။ သရုပ်ဆောင်တစ်ယောက်အနေနဲ့တော့ လုပ်ဖြစ်မယ် ထင်ပါတယ်။ အဆိုတော်တွေလို ရှိုးတွေလိုက်ဆိုဖို့တော့ အစီအစဉ်မရှိပါဘူး’တဲ့။

Trend Myanmar

No comments:

Post a Comment

My Blog List