Friday, January 24, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ၅၉(စ)တစ်ခုတည်းကို ကြည့်မည်မဟုတ်ဘဲ နိုင်ငံတော် အေးချမ်းမှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ၅၉(စ)တစ်ခုတည်းကို ကြည့်မည်မဟုတ်ဘဲ နိုင်ငံတော်အေးချမ်း မှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန်ရည်ရွယ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။


ဇန်န၀ါရီ ၂၃ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက“ မိမိတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အခါမှာ ၅၉ (စ)တစ်ခုတည်းကို မကြည့်ဘူး။နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်ဖို့၊တည်ငြိမ်အေးချမ်းဖို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာပိုပြီးချောမွေ့ အောင်၊  ကောင်းမွန်အောင်လုပ်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရော၊ မိမိအနေနဲ့ရော ဒီလိုဆောင်ရွက်ပါတယ်။ အဲဒီထဲမှာ ခုနပြောတဲ့ ၅၉ (စ)လည်း ပါကောင်းပါနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လွှတ်တော်မှာ တင်ပြတဲ့အခါမှာ မိမိတို့ပါတီရဲ့ သဘောထားကိုစောင့်ပြီးတော့ နားထောင်ကြည့်ပါ”ဟု ပြော ကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့လိုမယ်ဆိုရင် တိုင်းရင်းသားများနဲ့ အမျိုးသားပြန် လည် သင့်မြတ်ရေးကို ဖြစ်စေတဲ့ကိစ္စမျိုးပဲ ဦးစားပေးပြင်သင့်တယ်။အဲဒီလို ပြင်နိုင်မှပဲ တရားဥပဒေစိုးမိုးရေး အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားများ ဒီနေ့တောင်း ဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှ အခွင့်အရေးများနဲ့ သက်ဆိုင်တဲ့ကိစ္စ များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမှန်တကယ်ပြင်ဖို့လိုအပ်နေတယ်ဆိုရင် ဒါတွေကိုဦးစားပေးပြင်ရ မှာဖြစ် ပါတယ်။ အဲဒီနည်းတူပဲ အခြားနိုင်ငံရဲ့ ဖွဲ့စည်းပုံပေါ်မူတည်ပြီးတော့ ပြုပြင်ပြောင်းလဲရေးအတွက် အခက်အခဲ အဟန့်အတား၊ အနှောင့်အယှက်ဖြစ်နေတဲ့ နိုင်ငံတော်ရဲ့ Formation အပိုင်းတွေကို လေ့ လာသုံးသပ်ပြီး ပြင်ဆင်သွားရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

မိမိတို့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ အခါမှာ ၅၉ (စ)တစ်ခုတည်းကို မကြည့်ဘူး ။နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးချောမွေ့အောင်၊ ကောင်းမွန်အောင်လုပ်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရော၊ မိမိအနေနဲ့ရော ဒီလိုဆောင်ရွက်ပါတယ် . . .


Eleven Media Group

No comments:

Post a Comment

My Blog List