Sunday, January 19, 2014

ထိုင်းအစိုးရ ဆင်းပေးရေး ဖိအားပေး ဆန္ဒပြရန် ပြင်ဆင်


ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသူတွေဟာ အစိုးရဆင်းပေးရေး ဖိအားတွေ ပိုတိုးဖို့ မျှော်လင့်ပြီး ချီတက် ဆန္ဒပြဖို့ ဇန်န၀ါရီ ၁၉ ရက် မနက်က ပြင်ဆင်နေတာပါ။
ဇန်န၀ါရီလ ၁၈ ရက်နေ့ကတော့ မြို့တော်ဘန်ကောက်က လုံဘနီ ဥယျာဉ်ထဲမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး ဇန်ဝါရီလ ၁၇ ရက်နေ့ည ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ဆန္ဒပြသူ ပရာခရွန် ချိုးချန် အတွက် အမှတ်တရပွဲ ကျင်းပခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် ပရာခရွန် ချိုးချန် ဟာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ ကလေး ၃ ယောက် ကျန်ရစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဘန်ကောက်မြို့တော်တလွှား တင်းမာမှုတွေ ပိုမြင့်ခဲ့တာပါ။

ဆန္ဒပြသမားတွေကို တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် သောင်ဆုပန်ကတော့ အစိုးရကို အပြစ်တင်ပြီး ဒီလို မတော်တဆမှုတွေဟာ ဆန္ဒပြသူ ထောင်ပေါင်းများစွာရဲ့ စိတ်ဓာတ်ကို ပြောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုတွေက ဆန္ဒပြပွဲကို လူတွေ ပိုပူးပေါင်း လာအောင် လုပ်နေတယ်။ ပြည်သူတွေက ဒီလို ရက်စက်တဲ့ လုပ်ရပ်တွေကို လက်မခံကြဘူးလို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။
 
ဒီအခြေအနေဟာ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေနဲ့ ဘုရင်စနစ်ကို သစ္စာ ခံသူတွေက တဖက် လက်ရှိဝန်ကြီးချုပ် ယင်လခ်တို့ မောင်နှမကို ထောက်ခံတဲ့ ကျေးလက်နေ ဆင်းရဲသား အများစုပါဝင်တဲ့ လူတန်းစားတွေကတဖက် ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခအတွင်း နောက်ဆုံး အခြေအနေလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကတော့ အဂတိလိုက်စားမှု အတော်များများကို ကျူးလွန်တယ်လို့ စွပ်စွဲရင်း လက်ရှိဝန်ကြီးချုပ် ယင်လခ် ရှင်နာဝပ်ကို ရာထူးက ဆင်းပေးစေချင်နေတာပါ။

ကျယ်ပြန့်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေး လုပ်ဆောင်ဖို့ ရွေးကောက် တင်မြှောက်တာ မဟုတ်တဲ့ လူထုကောင်စီကို ဖွဲ့စည်းတာဝန်ပေးချင် နေကြပါတယ်။

ကျေးလက်မဲရှင်တွေရဲ့ ထောက်ခံမှုကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သူ့မဟာမိတ် တွေဟာ ၂၀၀၁ ခုနှစ်တည်းက ခုထိ ရွေးကောက်ပွဲတိုင်းကို အနိုင်ရခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ကြိုးဆွဲနေတယ်လို့ စွပ်စွဲခံထားရတဲ့ လက်ရှိအာဏာရ ပွေထိုင်းပါတီဟာလည်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေနဲ့ အတိုက်အခံပါတီတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး ၀န်ကြီးချုပ် ရာထူးက ဆင်းမပေးမချင်း ဆန္ဒပြ သွားမယ်လို့ ပြောထားပါတယ်။

DVB

No comments:

Post a Comment

My Blog List