Thursday, January 23, 2014

နယ်စပ်ဂိတ်ပေါက် ၁၆ ခုအနက် ထက်ဝက်အရေအတွက်ရှိသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက် များအား ဗီဇာဖြင့် ၀င်ထွက်သွားလာမည့် အစီအစဉ်ဖြင့် အဆင့်မြှင့်တင်မည်



မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်ပေါက် ၁၆ ခုအနက် ရှစ်ပေါက်ရှိထိရှိသော မြန်မာ-တရုတ် နယ်စပ်ဂိတ် ပေါက်များအား အဆင့်မြှင့်တင်ကာ မူလချုပ်ဆိုထားသော စာချုပ်များကို ထပ်မံပြင်ဆင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ယင်းအစီအစဉ်ကို မူဆယ်-ရွှေလီ၊ မိုင်းလား-တာလော့် အစရှိသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ် ပေါက်များ၏ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များမှ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းများ ပြီးစီးသွားပါက မြန်မာ-တရုတ်နှစ်နိုင်ငံ ချုပ်ဆိုထားသော ၀င်ထွက်ပေါက် စာချုပ်များကိုလည်း ပြင်ဆင်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းထံမှ သိရသည်။

ဦးမောင်မောင်သန်းက “နှစ်နိုင်ငံ သဘောတူစာချုပ်အရ လက်ရှိအချိန်ထိတော့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် ၀င်ထွက်လျက်ရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာ ၀င်ပေါက်၊ ထွက်ပေါက်ဖြစ်လာအောင် စီစဉ်နေပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များကို အဆင့်မြှင့်တင်ပြီးပါက မြန်မာနိုင်ငံအတွင်း တရားဝင်ခွင့်ပြုထားသော နေရာဒေသတိုင်းအား ၀င်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စီစဉ်ခြင်းဖြင့် ယမန်နှစ်က နယ်စပ်ဂိတ်ပေါက်များမှ ၀င်ရောက်ခဲ့သော လူဦးရေ တစ်သန်း ကျော်ထက် ပိုမိုများပြားလာဖွယ်ရှိပြီး မြန်မာ-ထိုင်း နယ်စပ်တွင်လည်း ယခုကဲ့သို့ အကောင်အထည် ဖော်ခဲ့မှုကြောင့် ခရီးသည်အ၀င်အထွက်မှာ ပိုမိုများပြားလာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၏ အချက်အလက်များမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒေသတွင်း အဖွဲ့အစည်းများဖြစ်သည့် GMS၊ ASEAN၊ BIMSTEC၊ ACMES စသည့် အဖွဲ့အစည်းများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များ၊ တိုင်း-ပြည်နယ် ဦးစီးဌာနမှူးရုံး၊ ဦးစီးရုံးချုပ်တို့နှင့် ဆက်သွယ်နိုင်သည့် ခေတ်မီစက်ကိရိယာများ တပ်ဆင်၍ အချိန်နှင့်တစ်ပြေးညီ သတင်းပို့စနစ် တည်ဆောက်ပြီး နယ်စပ်ဒေသ ၀င်ထွက်သွားလာမှုများကို ထိန်းချုပ်ရေးကွန်ရက်စနစ် တည်ဆောက်ရေးတို့ကို လာမည့်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယခုနှစ်ဇန်န၀ါရီ ၁၅ ရက်က ပြောကြားထားသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List