Monday, January 20, 2014

မြန်မာ-အိနိ္ဒယနယ်စပ်တိုင်းထွာမည့်ကိစ္စပြေလည်မှုမရှိသေး



မြန်မာ-အိနိ္ဒယနယ်စပ်ကျူး ကျော်နေမှုများနှင့်ပတ်သက်၍ ကလေး၊တမူး၊ မင်းကင်းမြို့များတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ အိနိ္ဒယအစိုးရအား ဆန္ဒထုတ်ဖော်တောင်း ဆိုမှုများပြု လုပ်ပြီးနောက် ၎င်းင်း ပြဿနာများအားဖြေရှင်းရန် မြန်မာအစိုးရဘက်မှ မြေတိုင်းဦးစီး ဌာနညွှန်မှူး အပါအ၀င်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာတာ ၀န်ရှိသူများပါဝင်သော (၉)ဦးအဖွဲ့ မှ တိုင်းထွာမှု များပြုလုပ်ရန် တမူး မြို့သို့(၆.၁.၁၄) ရက်နေ့တွင် ရောက်ရှိပြီး အိနိ္ဒယအစိုးရဘက်မှ စစ်သံမှူးအပါအ၀င် မြေတိုင်းဦးစီး အရာရှShri.kk.Dash Sarkar  မြေတိုင်းShri Ajit Bhawal   နှငShri Biraj Kalita  နှင့် အမှတ်(၉) အာသံတပ်ရင်းမှူး Col.Anady တို့လာရောက်ခဲ့သည်။ 

အိနိ္ဒယ ဘက်မှ ၎င်းတို့အားလာရောက်ရန် သာ တာဝန်ပေးကြောင်းနှင့် ပူးတွဲ တိုင်းထွာရန် တာဝန် မပေးကြောင်း၊ သို့အတွက်ကြောင့်နယ်စပ်အား တိုင်းထွာမှုမလုပ်နိုင်ကြောင်း အိနိ္ဒယအစိုးရဘက်မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်ဆိုပါ သည်။ မြန်မာဘက်အဖွဲ့နှင့်အတူ အိနိ္ဒယအဖွဲ့သည် နေ့လယ်(၁၂) နာရီမှစတင်ကာ ဘီပီ(၇၆)ဟောင် လင်းဖိုင်ရွာခေါ် မန်ကန်ရွာ၊ ဘီပီ (၇၇)၊ ဘီပီ(၇၈)၊ ဘီပီ(၇၉)နေရာ များအား စစ်ဆေးတိုင်းတာသော် လည်း အိနိ္ဒယဘက်မှ (၅)ဦးသည် လိုက်ပါကြည့်ရှုခြင်းသာဆောင်ရွက် ခဲ့ပြီး စစ်ဆေးတိုင်းထွာခြင်းလုံးဝ မရှိပဲ မြန်မာအစိုးရဘက်မှသာ တိုင်းထွာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ယင်းတိုင်းထွာမှု ပြေလည်မှုမရရှိခြင်းအပြင် နှစ် နိုင်ငံအငြင်းပွားနေသောနေရာများ အား တိုင်းထွာမှု များပြုလုပ်စဉ် အိနိ္ဒယအာသံအမှတ်(၉)တပ်ရင်းမှူးမှ မြန်မာဘက်မှတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များလိုက် ပါခြင်းမပြုရန် တားမြစ်မှုများ၊ ဟန့်တားမှုများအပြင် အိနိ္ဒယမြေတိုင်းအဖွဲ့များအား ၎င်းတပ်ရင်းမှူးမှ ခြိမ်းခြောက်ထားသည့် အနေအထားများတွေ့ ရကြောင်းနှင့် ယင်းသို့တိုင်းထွာ မှုများမပြုလုပ်ရန် အဓိကဟန့်တား နှောက်ယှက်သည့်အပြုအမူများ ပြုလုပ်သည်မှာ အာသံတပ်ရင်းမှူး သာဖြစ်ကြောင်း သိရသည်။ 

တိုင်းထွာမှုများမပြီးပြတ်သော်လည်း မြန်မာဘက်မှပူးတွဲစစ်ဆေးရာတွင် လက်ကိုင်ဂျီပီအက်စ်ဂါး မန်းမွန် တာနာ ၆၅၀တီအမျိုးအစား ကိုအသုံးပြု၍ လေ့လာမှတ်တမ်း တင်ခဲ့ကြောင်းနှင့် ၁၉၆၇ခုနှစ်က နယ်နမိတ် သဘောတူခဲ့သော မှတ်တိုင် ၂၁။ ယခု ၇၈ကို အိနိ္ဒယ ဘက်သို့ပြသပြီး မြန်မာဘက်မှ ရရှိထားသည့် ကိန်းဂဏန်းအချက် အလက်များကိုအခြေခ့ပြုစုရေးဆွဲ ထားသောမြေပုံကြမ်းအား အိနိ္ဒယ ဘက်သို့ ပေးအပ်ပြီး အိနိ္ဒယဘက်မှ လည်း ၎င်းင်းတို့၏မြေပုံကြမ်းရေးဆွဲ ပြီးပါက မြန်မာဘက်သို့ပေးအပ် သွားရန် သဘောတူညီခဲ့ကြောင်း  သိရသည်။

ယင်းနှစ်နိုင်ငံမပြေလည်မှု များနှင့် ပတ်သက်၍ နယ်စပ် အရေးဆောင်ရွက်နေသော လူငယ် တစ်ဦးဖြစ်သူ ကိုဖြိုးဝေအောင် ကတော့ ဆက်ပြီးကန့်ကွက်သွား မည်ဖြစ်ကြောင်းနှင့် အိနိ္ဒယအစိုးရ အားကန့်ကွက်မှုများ နှင့် မြန်မာအစိုးရအားအမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

Hot News Journal 

No comments:

Post a Comment

My Blog List