Friday, January 24, 2014

ထိုင်းတွင် ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေကြေညာ

မစ္စယင်လပ်ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့၏ အရေး ပေါ်ဝန်ကြီးအဖွဲ့ အစည်းအဝေး တစ်ရပ်ကို ဇန်န၀ါရီလ ၂၁ ရက်က ဗန်ကောက်ရှိ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးက လက်ရှိထိုင်း နိုင်ငံ တွင် ဖြစ်ပေါ်နေ သည့်အစိုးရ ဆန့်ကျင်မှုဆန်္ဒပြများ တစ်နေ့ တစ်ခြားပြင်းထန်လာသဖြင့် နိုင်ငံ တော်၏ တည်ငြိမ်အေး ချမ်းမှုပြန် လည်ထိန်း သိမ်းရန်အလို့ငှာလည်း ကောင်း၊ ဆူပူဆန်္ဒပြသူများ သွေးထွက်သံယိုမှုမဖြစ်စေရန် အလို့ငှာ လည်းကောင်း၊ အောက်ဖော်ပြ ပါ ပုဂ်္ဂိုလ်များပါဝင်သော ဗဟိုကော်မတီကို ဖွဲ့စည်ုးပြီး ဗန်ကောင်းမြို့ နှင့် အနီးပတ်ဝန်းကျင်မြို့နယ် အချို့ကို ရက်ပေါင်း ၆၀ အရေး ပေါ်ကာလအဖြစ်သတ်မှတ်လိုက်သည့်အမိန့် ဒီကရီတစ်ရပ်ကို မစ်္စယင်လပ်လက်မှတ်ထိုးထုတ်ပြန် လိုက်သည်။
အရေးပေါ်ကာလမှာ ဇန်န ၀ါရီလ ၂၂ ရက်မှ မတ်လ ၂၂ ရက်ထိ ဖြစ်သည်။ အရေးပေါ် ကာလထိန်းသိမ်းစောင့်ရှောက်ရေး ဗဟိုအဖွဲ့ရုံးဌာနချုပ် (peace keeping Centre) မှာ ဗန်ကောက် မြို့၊ ချန်ဝါတနာလမ်းရှိ ကာကွယ် ရေးဝန်ကြီး ဌာန ၀န်ကြီးရုံး (office of the permanent Seeretary for Defense)   ဖြစ်သည်။ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ (Supervisor)  မှာ ကြား ဖြတ်အစိုးရအဖွဲ့ ဒုတိယ၀န်ကြီး ချုပ်ဆူရာပေါင်တိုဝိချပ်ချိုင်ကူးလ် ဖြစ်သည်။

ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ (Commanding Director) မှာ ကြားဖြတ်အစိုးရအဖွဲ့ အလုပ် သမားရေးရာဝန်ကြီး ချာလန်းယူ ဘန်းရောင်းဖြစ်သည်။

လုပ်ငန်းအကောင်အထည် ဖော်ရေးဗဟိုကော်မတီဝင်တို့ (operating director  မှာ ထိုင်း နိုင်ငံရဲချုပ် အဒူလ်ဆင်းနှင့် ကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နီ ပတ်သွန်လက်တို့ဖြစ်သည်။အရေး ပေါ်ကာလအဖြစ် သတ်မှတ်ထား သည့် နယ်နိမိတ် (Affected Areas)  မှာ ဗန်ကောက်မြို့၊ နန်သာ ဘူရီခရိုင်၊ ပတန်ဌာနီခရိုင်နှင့် သမုဖရာခန်ခရိုင်တို့ဖြစ်သည်။

ဗဟိုကော်မတီအဖွဲ့သည် ပြည်သူတို့၏အကျိုးစီးပွားအလို့ငှာ လိုအပ်သည့် ညမထွက်ရအမိန့်(Curfew)ထုတ်ပြန် နိုင်  ကြောင်းဖော်ပြထားသည်။

ကျော်စိန်
Hot News Journal

No comments:

Post a Comment

My Blog List