Tuesday, January 21, 2014

ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက် ခံမယ်လို့ ဆီးရီးယား သမ္မတပြော



ဆီးရီးယားနိုင်ငံမှာ ​ဒီနှစ်အတွင်း ​ကျင်းပဖို့ရှိတဲ့ ​ရွေးကောက်ပွဲအတွင်း ​သမ္မတအဖြစ် ​ပြန်လည်ရွေးကောက်ခံ သွားဖို့ရှိတဲ့အကြောင်း ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​က ​ပြောသွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံတွင်းက ​စစ်တွေ ​အဆုံးသတ်ဖို့အတွက် ​ဂျီနီဗာမှာ ​ပြုလုပ်မယ့် ​Geneva ​2 ​ဆွေးနွေးပွဲမတိုင်ခင်မှာ ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​က ​သူ့အနေနဲ့ ​သမ္မတအဖြစ် ​နောက်တကြိမ် ​ဘာကြောင့် ​အရွေးမခံနိုင်ဘူးလည်း ​ဆိုတဲ့ ​အကြောင်းပြချက်ကို ​မတွေ့သေးဘူးလို့ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

ဒီတပတ်မှာ ​ပြုလုပ်မယ့် ​ဆွေးနွေးမှုအတွင်း ​al-Qaeda ​လို ​အကြမ်းဖက် ​အဖွဲ့အစည်းနဲ့ ​ဆီးရီးယားနိုင်ငံ တွင်းက ​သူပုန်တွေကို ​နှိမ်နင်းဖို့ ​အကြောင်း ​ဆွေးနွေးသင့်တယ်လို့ ​ဆီးရီးယားသမ္မတက ​ပြောလိုက်ပါတယ်။

ဆီးရီးယား ​ပြည်တွင်းစစ်အကြောင်း ​ဆွေးနွေးကြမယ့်ပွဲမှာ ​တက်ရောက်ဖို့ ​ကုလသမဂ္ဂ ​အထွေထွေ အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​အီရန်နိုင်ငံကိုပါ ​ဖိတ်ခေါ်ထားပါတယ်။

ဆီးရီးယား ​အစိုးရရဲ့ ​မဟာမိတ်ဖြစ်တဲ့ ​အီရန်နိုင်ငံက ​ဆွေးနွေးပွဲမှာ ​တက်ရောက်မယ်ဆိုရင် ​ဆွေးနွေးပွဲ မတက်ရောက်တော့ဘူးလို့ ​ဆီးရီးယားနိုင်ငံက ​အတိုက်အခံ ​ညွန့်ပေါင်းအဖွဲ့က ​ပြောလိုက်ပြီးတဲ့နောက် ​အီရန်နိုင်ငံကို ​ဖိတ်ခေါ်မယ့် ​ကိစ္စအပေါ် ​ဆီးရီးယား ​အတိုက်အခံအဖွဲ့နဲ့ ​အရေးတကြီး ​ဆွေးနွေးမှုတွေ ​လုပ်နေတယ်လို့ ​ကုလသမဂ္ဂက ​ပြန်ပြောင်း ​ပြောဆိုထားပါတယ်။

ဆီးရီးယားအရေး ​ဆွေးနွေးပွဲမှာ ​အီရန်ပါဝင်မယ့်​ကိစ္စကို ​အမေရိကန်ကလည်း ​ကန့်ကွက်မှုတွေ ​ပြုလုပ်နေ ပြီး ​ဆီးရီးယားနိုင်ငံမှာ ​နိုင်ငံရေးအသွင်ကူးပြောင်းရေးမူကို ​လက်ခံမှသာ ​အီရန်အနေနဲ့ ​ဆွေးနွေးမှုမှာ ​ပါဝင်သင့်တယ်လို့ ​ပြောလိုက်ပါတယ်။

အီရန်နိုင်ငံကတော့ ​အဲဒီမူကို ​လက်မခံနိုင်တဲ့အတွက် ​ဆွေးနွေးမှုမှာ ​အပါနိုင်ဘူးလို့ ​တုန့်ပြန်ပြောဆို နေပါတယ်။

ABC

No comments:

Post a Comment

My Blog List