Thursday, January 23, 2014

ကမ္ဘာ့အမြန်ဆုံး အင်တာနက်မြန်နှုန်း ဗြိတိန်မှာရပြီ



ချုံ့တောင်မချုံ့ထားတဲ့ HDဆင့် ရုပ်ရှင်၄၄ကားကို တစ်စက္ကန့်ထဲနဲ့ ဒေါင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းကို ဗြိတိန်မှာ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒါဟာ သာမန်ကွန်ပျူတာ တွေနဲ့သုံးရင်တောင်ရတဲ့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါလို့ ပြင်သစ် ဖုန်းပစ္စည်း ကုမ္ပဏီ Alcatel-Lucent နဲ့ လန်ဒန်အခြေစိုက် နိုင်ငံပေါင်းစုံ ဆက်သွယ်ရေးကုမ္ပဏီ BT တို့က အတည်ပြုပေးခဲ့ပြီး Wall Street ဂျာနယ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စမ်းသပ်ကာလ အနေနဲ့ ရနိုင်တဲ့နေရာတွေကတော့ Fitzrovia မှာရှိတဲ့ BT တာဝါနဲ့   Suffolk စီရင်စုမှာ ရှိတဲ့ BTကုမ္ပဏီပိုင် Adastral Park သုတေသနနယ်မြေ တို့ကြား ၄၁၀ ကီလိုမီတာရှိ လက်ရှိဖိုင်ဘာ ချိတ်ဆက်မှု နဲ့ပါပဲ။ တစ်စက္ကန့်ကို 1.4 Tb (1400GB/s) နှုန်းရရှိပါတယ်။

သြစတြေးလျမှာတော့ အင်တာနက်ဒေါင်းလုတ်မြန်နှုန်းဟာ ပုံမှန် 4.8 လောက်ပဲပြေးနေတဲ့အတွက် Alcatel-Lucent နဲ့ BT တို့ရဲ့ ကွန်နက်ရှင်နဲ့ ယှဉ်ရင် အဆပေါင်း ၃သိန်း ပိုနှေးနေပါသေးတယ်။

Ref: www.news.ninemsn.com.au
Trend Myanmar 

No comments:

Post a Comment

My Blog List