(သူ့ကို မဲထဲ့ခဲ့တဲ့ သူ့မဲဆန္ဒနယ်က
ဝန်ထမ်းတွေကတော့ မဲထည့်မိတာမှားလေခြင်းလို့ နောင် ရနေလောက်ပြီ ၊
ဝန်ထမ်းတွေ က ဒီသင်္ကြန်ရုံးပိတ်ရက်အချိန်မှာပဲ မိသားစု နဲ့ ဘုရားဖူးထွက်၊
ရဟန်းဝတ် ကုသိုလ်ယူ တာတွေ လုပ်နိုင်တာ တွေ့နေ၊ မြင်နေရတာပဲ။ )
မဟာသင်္ကြန်ရုံးပိတ်ရက်ကို ၄ ရက် သို့မဟုတ် အကြတ် ၂ ရက် ဖြစ်ပါက ၅ ရက်သာ ပြန်လည်သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း၍ -
ဦးကြည်မြင့် (လသာမဲဆန္ဒနယ်)။ ။ကျွန်တော်အနေနဲ့မေးချင်တဲ့ မေးခွန်းကတော့
ကျွန်တော် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာအလည်မှာ
စီးပွားရေးအားဖြင့်ရော ပညာရေး၊ ယဉ်ကျေးမှုအားဖြင့်ရော အလွန်တရာ ခေတ်နောက်ကျ
ကျန်ရစ်နေတာအများလက်ခံထားရတဲ့ အချက်အလက်အမှန်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့
လွတ်လ
ပ်ရေး ရယူဖို့ ကြိုးစားတုန်းက
ကျွန်တော်တို့ရဲ့ လွှတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့
စကားတစ်ခွန်းလိုပါပဲ။ သူများတွေ ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က
ခြေလှမ်း ၃၊ ၄၊ ၅ လှမ်း ကျဲနေအောင် လှမ်းမှ တော်ကာ ကျမယ်ဆိုတဲ့ အနေအထားကို
အမှန်အတိုင်း ကျွန်တော်တို့ သိမြင်ဖို့လိုပါတယ်။ အဲဒီတော့ကာ
ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ ကျွန်တော်တို့ သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက်လို့
သတ်မှတ်လိုက်တာ ရှိပါတယ်။ ကျွန်တော်တို့က အရမ်းချမ်းသာ နေရင်တော့
မပြောလိုပါဘူး။ ကျွန်တော်တို့ရဲ့ ကုန်ထုတ်စွမ်းအားတွေက
အရမ်းမြင့်မားနေရင်တော့ မပြောလိုပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့
ကုန်ထုတ်စွမ်းအားဟာ နိမ့်ပါတယ်။ ကျွန်တော်တို့ အလုပ်သမားတွေ၊ ပညာရှင်တွေ
အားလုံးသော အလုပ်လုပ်သော ပြည်သုများရဲ့ စွမ်းအားက နိုင်ငံတကာ စံနှုန်းနဲ့
နှိုင်းယှဉ်တဲ့အခါမှာ နိမ့်နေတာလည်း အများလက်ခံထားတဲ့ အချက်အလက်တွေ
ဖြစ်ပါတယ်။ အဲဒီအချိန် အဲဒီကာလအတွင်းမှာ ကျွန်တော်တို့ သင်္ကြန်ရုံးပိတ်ရက်
၁၀ ရက်ပိတ်လိုက်တယ်ဆိုတဲ့အခါကျတော့
ရုံးတော်တော်များများဟာ လဆန်းကနေပြီးတော့ လူမရှိခြင်တော့ပါဘူး။
အလုပ်တွေလည်း မလုပ်ခြင်ကြတော့ပါဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ဆက်ရင်
ဒါမှမဟုတ် တစ်ရက်၊ နှစ်ရက်လောက် ခြားလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့
ဆိုးပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေအလွန်များတဲ့ ကိစ္စဖြစ်လို့ နှစ်စဉ်လိုလိုပဲ
အစိုးရရုံးများနဲ့ ဆက်သွယ်လုပ်ကိုရမယ့် ကျွန်တော်တို့
ပုဂ္ဂိုလ်တစ်ဦးချင်း၊ ကုမ္ပဏီအဖွဲ့အစည်းစတာတွေ ဧပြီလ ဆိုရင် အလုပ်တွေကို
ကြိုတင်ရှောင်ရှား ဖယ်ရှားပြီးတော့ ရွေးဆိုင်းထားရပါတယ်။ ကျွန်တော်တို့
ဘာမဟုတ်တဲ့ စာအုပ်ကလေးထုတ်ဝေတဲ့ လုပ်ငန်းကအစ မတ်လ လောက်ကတည်းက
အပြီးသတ်နေရပါတယ်။ မေလ ဆန်းမှာပဲ အလုပ်စပြီးလုပ်ရတဲ့ သဘောတွေကြုံရပါတယ်။
ဒီကိစ္စတွေက အရင်အစိုးရလက်ထက်က ဘယ်လို စေတနာသဘောတရားနဲ့ ပြုလုပ်တယ်ဆိုတာတော့
ကျွန်တော်တို့ ဝေဖန်မနေတော့ပါဘူး၊ ဝေဖန်နေစရာအကြောင်းနဲ့
အကျိုးလည်းမရှိပါဘူး။ ဒါပေမဲ့လို့ ပြည်သူဝန်ထမ်းတွေမှာရော ဒီလို
ရုံးပိတ်ရက် ၁၀ ရက် လုပ်ပေးလိုက်တဲ့အတွက်ကြောင့် အကျိုးခံစားခွင့်တွေ
အများကြီးရသွားသလားဆိုတော့ လူမှုရေးအရရော၊ စီးပွားရေးအရရော သိသိသာသာ
အကျိုးခံစားခွင့်လည်း သိပ်မရကြပါဘူး။ ကျွန်တော့် မိတ်ဆွေ ရုံးဌာန
ပုဂ္ဂိုလ်အတော်များများကလည်း ရုံးသွားစောင့်ရတဲ့ အလုပ်တစ်ခုပဲ
ပိုလာတဲ့သဘောရှိပါတယ်။ အဲဒီမှာ ရုံးပတ်ရက် ၁၀ ရက်ဆိုပေမဲ့ ၅ ရက်တစ်သုတ်စီ
ပြန်တက်ကြရပါတယ်။ ရုံးပြန်စောင့်ကြရပါတယ်။ အဲဒီတော့ကာ တစ်ဖက်မှာကျတော့
ရုံးနဲ့ ဆက်ဆံကြတဲ့ ကျန်ပြည်သူအများစုမှာ စီးပွားရေး လူမှုရေး၊ ကျန်းမားရေး၊
စတာတွေနဲ့ ပတ်သက်ပြီးတော့တော်တော်ပဲ ဒုက္ခဆင်းရဲ ရောက်ကြရပါတယ်။ အဲဒါပဲ
အဖတ်တင်ပါတယ်။ ဒီလို မလိုအပို အပေါ်ယံလုပ်နေတဲ့ ကိစ္စတွေကို ရိုးရိုးသားသား
ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတော့ သင်္ကြန်ရုံးပိတ်ရက်နဲ့ ပတ်သက်ပြီးတော့
မေးရလို့ရှိရင် သင်္ကြန်အကျ၊ အကြတ်၊ အတက်၊ သုံးရက်နဲ့ နှစ်ဆန်းတစ်ရက်
စုစုပေါင်း ၄ ရက် ဒါမှမဟုတ်လို့ရှိရင် အကြတ်နှစ်ရက်ကျတဲ့ နှစ်ဆိုလို့ရှိရင်
စုစုပေါင်း ၅ ရက် ဟိုယခင်တုန်းကလိုပဲ ပြန်လည်သတ်မှတ် ရှိ/မရှိ ဒါကို
နောင်တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တခြားသော
နိုင်ငံများနှင့် ရင်ဘောင်တန်းလာနိုင်တဲ့ အချိန်ကျမှ ပြန်ပြီးတော့
နားရက်ရှည်ရှည် သတ်မှတ်ဖို့ လိုမလို ဒါကို စဉ်းစားဖို့ ရှိ/မရှိ ဆိုတာလေး သိချင်တဲ့အတွက်ကြောင့်ကျွန်တော်မေးမြန်းရခြင်းဖြစ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးစိုးမောင် (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန - ၂)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနှင့် လေ့လာရေး ရောက်ရှိနေသော ပုဂ္ဂိုလ်များ ကိုယ်၏ ကျန်းမားခြင်း စိတ်၏ ချမ်းသားခြင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်အပ်ပါတယ်ခင်ဗျာ။
ကျွန်တော်ကတော့ သမ္မတဝန်ကြီးဌာန (၂) ပြည်ထောငသ်စုဝန်ကြီး ဦးစိုးမောင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ရဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ ပတ်သက်လို့ ရှင်းလင်းတင်ပြခွင့်ရတဲ့အတွက် ဝမ်းသားဂုဏ်ယူမိပါကြောင်း ပဏမပြောကြားလိုပါတယ်။ မဟာသင်္ကြန်ရုံးပိတ်ရက်နှင့် ပတ်သက်လို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေက ကြေညာချက်အမှတ် ၁/၂၀၀၇ ဖြင့် နှစ်သစ်ကူးရုံးပိတ်ရက်သတ်မှတ်ခြင်းကို
သင်္ကြန်ပွဲတော်သည် မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နှစ်သစ်ကူးအခါသမယ
ဖြစ်ပါတယ်။ ထိုနှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ရေပက်ဖြန်းကစားခြင်း၊
စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ကျောင်းကန်ဘုရားများသို့သွားရောက်၍
ဥပုသ်သီတင်း တည်ဆောင်ခြင်း၊ သက်ကြီးရွယ်အို အဘိုး၊
အဘွားများအားကန်တောု့ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်း စသည်တို့
ပြုလုပ်နိုင်ရန်နှင့် နိုင်ငံဝန်ထမ်းများ တစ်နှစ်တာအတွက်
အနားယူအပန်းဖြေနိုင်စေရန်အလို့ငှာ
နှစ်စဉ် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်မှစ၍ ၁၀ ရက်တိတိကို ပြည်ထောင်စု
မြန်မာနိုင်ငံတော်၏ နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည်လို့
ထုတ်ပြန်ကြောထားခဲ့ပါတယ်။ လက်ရှိ အနေနှင့်လည်းပဲ မြန်မာ့လူမျိုးတို့ရဲ့
ကောင်းမွန်တဲ့ အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးသွားမှာ
ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးစိုးမောင် (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန - ၂)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနှင့် လေ့လာရေး ရောက်ရှိနေသော ပုဂ္ဂိုလ်များ ကိုယ်၏ ကျန်းမားခြင်း စိတ်၏ ချမ်းသားခြင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်အပ်ပါတယ်ခင်ဗျ
ကျွန်တော်ကတော့ သမ္မတဝန်ကြီးဌာန (၂) ပြည်ထောငသ်စုဝန်ကြီး ဦးစိုးမောင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ရဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ ပတ်သက်လို့ ရှင်းလင်းတင်ပြခွင့်ရတဲ့အတွက် ဝမ်းသားဂုဏ်ယူမိပါကြောင်း ပဏမပြောကြားလိုပါတယ်။ မဟာသင်္ကြန်ရုံးပိတ်ရက်နှင့် ပတ်သက်လို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေက ကြေညာချက်အမှတ် ၁/
No comments:
Post a Comment