Wednesday, August 08, 2012

မြောက်ကာရိုလိုင်းနား ရှစ်လေးလုံး နှစ်ပတ်လည် အစီအစဉ်


- အမေရိကန် ပြည်ထောင်စု ၊ မြောက်ကာရိုလိုင်းနားပြည်နယ် ၊ နယူးဘန်းမြို့ Frammar Market ၌ ( ၂၄ ) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အခမ်းအနားကို ဩဂုတ်လ ( ၅ ) ရက် ၂၀၁၂ နံနက် ၁၀နာရီမှ ညနေ ၃ နာရီထိ ကျင်းပခဲ့ပါသည် ။
- ၎င်းအခမ်းအနားအား ကျင်းပရာတွင် အဝေးရောက် ၈၈ မျိုးဆက် အဖွဲ့မှ ဦးဆောင်၍ မြန်မာ ၊ ကရင် ၊ ချင်း ၊ ရခိုင် ၊ မွန် စသည့် တိုင်းရင်းသားများဖြင့် သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ပါသည် ။

ကျင်းပရာတွင် ( ၈၈၈၈) ဖြစ်ပေါ်လာပုံအား စာတမ်းဖတ်ကြားခြင်း ၊ (၈၈၈၈) ဖြတ်သန်းမှုများအား ဟောပြောကြခြင်း ၊၎င်း၈၈၈၈(၂၄)နှစ်မြောက်အထိမ်းအမှတ်ပွဲတွင် ( အဖွင့်သီချင်းအဖြစ် - အရေးကြီးပြီ ၊ သီချင်းနှင့်ဖွင့်ကာ အပိတ်သီချင်းအဖြင့် ကမ္ဘာမကြေဘူး သီချင်းအဖြစ် ပိတ်ခဲ့ပါသည် စသည့် အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ပါသည် ။
- ထိုအခမ်းအနားသို့ လူဦးရေ ( ၁၀၀ ) ခန့်တက်ရောက်ခဲ့ပါသည် ။
တက်ရောက်သူများအား အဝေးရောက် ၈၈ မျိုးဆက် အဖွဲ့က မုန့်ဟင်းခါး ၊ ဘူးသီးကြော် ၊ ရွှေရင်အေး ၊ မုန့်လက်ဆောင်း ၊ ကောက်ညှင်းပေါင်း ၊အချိုရည်များဖြင့် ဧည့်ခံခဲ့ကြပါသည် ။








No comments:

Post a Comment

My Blog List