Thursday, August 09, 2012

'ရှစ်လေးလုံးပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးလို့' မခေါ်နိုင်စရာ အကြောင်းမရှိပါဘူး

လက်ရှိ အချိန်မှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဆိုတဲ့ နက်ရှိုင်း ကျယ်ပြော ကြမ်းတမ်းသလောက် ကောက်ကျစ် စဉ်းလဲမှုတွေ ပြည့်နှက်နေတဲ့ ပင်လယ်ပြင်ကို ကျော်ဖြတ်ပြီး တဖက်ကမ်းခြေကို အရောက်သွားနိုင်ဖို့ ပင်ပန်းတကြီးကူးခတ်နေရပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အုံကျင်းဖွဲ့တည်လာတဲ့အခြေခံ အကြောင်းတရားတွေ အရ ရော လတ်တလော အကြောင်းတရားအရပါ ကျိုးကြောင်းခိုင်လုံမှု အပြည့်အ၀ရှိတဲ့ အပြင်အဲဒါရဲ့ အကျိုးဆက်
အဖြစ် နိုင်ငံတနံတလျားကပြည်သူ တရပ်လုံး လှည်းနေလှေအောင်းမြင်းဇောင်း မကျန် ပါဝင်ဆင်နွှဲ ခဲ့ကြပြီး တကမ္ဘာလုံး ရင်သပ်ရှုမော အံ့သြ ချီးကျူးရလောက်အောင် စည်းကမ်းရှိပြီးညီညွတ်တဲ့ လူထုဆန္ဒ ဖော်ထုတ်ပွဲ ၀ါ အုံကြွမှုကြီး ဖြစ်ပါတယ်။ (၁၉၃၈ ခုနှစ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ ရတဲ့အဖြစ် အပျက်ကို အောင်ကျော်အရေးအခင်းလို့ မခေါ်ပဲ ၁၃၀၀ ပြည့် အရေးတော်ပုံလို့) ခေါ်မယ်ဆိုရင် ရှစ်ဆယ့်ရှစ်ကို 'ရှစ်လေးလုံးပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးလို့' မခေါ်နိုင်စရာ အကြောင်းမရှိပါဘူး။

No comments:

Post a Comment

My Blog List