Thursday, August 09, 2012

နိုင်ငံသားစိစစ်ရေးကတ် ၀ယ်ယူမှု ဖော်ထုတ်ရေး

(ဓာတ်ပုံ - ဧရာဝတီ)

ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံသား အများအပြား မြန်မာပြည်ထဲ ခိုးဝင် စိမ့်ဝင်နေကြပါတယ်။
သူတို့တွေက ဌာနဆိုင်ရာကို လာဘ်ထိုးပြီး နိုင်ငံသား စိစစ်ရေးကတ် ရရှိထားကြတယ် ဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။
ဒီဖြစ်ရပ်တွေကို ဖော်ထုတ် အရေးယူဖို့ အစိုးရကို တိုက်တွန်းချင်တယ် လို့ အမျိုးသားလွှတ်တော်မှာ မနေ့က အဆိုတင်ပါတယ်။
အထူးစီမံချက်ချပြီး ဖော်ထုတ်ဖို့ပါ။

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေ နဲ့ စစ်တပ်ကိုယ်စားလှယ်တွေ ကြီးစိုးထားတဲ့ အမျိုးသားလွှတ်တော်မှာ အဲဒီအဆိုတင်သွင်းမှု ဘာဖြစ်သွားသလဲ ဆိုတာ ဒီကနေ့ သတင်းစာထဲမှာ အခုလို ရေးထားပါတယ်..ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာမြတ်ဉာဏစိုး၏
''အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင် ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား
ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အထူး စီမံချက်တစ်ရပ် ချမှတ် ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အဆိုကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန်တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသည်။

ယင်းအဆိုကို သဘော မတူသည့် လွှတ်တော်ကိုယ်စားလှယ်ရှိသည့်အတွက် သဘောတူသူများ မတ်တတ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏ဆန္ဒကို ရယူရာ မတ်တတ်ရပ်သည့် လွှတ်တော်ကိုယ်စားလှယ်(၄ဝ)ဦး မပြည့်သည့် အတွက် အဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ကြေညာသည်။

No comments:

Post a Comment

My Blog List