Wednesday, August 08, 2012
ဒေါ်စု ရုပ်တု ဖွင့်ပွဲနှင့် ၈၈၈၈ အခမ်းအနား မိုးရေးမြို့တွင် ကျင်းပ
from-(မဇ္ဈိမ)
မြန်မာ-အိန္ဒိယ နယ်စပ် မိုးရေးမြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ရုပ်တုဖွင့်ပွဲနှင့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
ရုပ်တုအား Social Science Study Center (လူမှုသိပ္ပံ လေ့လာရေးစင်တာ) တွင် မြို့မိမြို့ဖတဦးက ဖွင့်လှစ်ပေးခဲ့
ကြောင်း ဦးဆောင်ကျင်းပသည့် Solidarity Committee for Burma’s Democracy (SCBD)မှ ရှေ့နေကြီး မစ္စတာရာတန် Mr. Ratan က ပြောသည်။
“ရုပ်တုဖွင့်ပွဲကိုရော၊ ရှစ်လေးလုံး အခမ်းအနားကိုရော ကျင်းပပါတယ်။ လူ ၂၀၀ ကျော်တက်တယ်။ ဖွင့်ပွဲပြီးတော့ ရှစ်လေးလုံး အခမ်းအနား ဆက်ကျင်းပတယ်။ မြန်မာ ၂၀ ကျော်လောက် လာတက်တယ်” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာ့အရေး လှုပ်ရှားနေသည့် မဏိပူရအခြေစိုက် SCBD အဖွဲ့ခေါင်းဆောင် မစ္စတာ စန်တာ Mr. Santa က
မိန့်ခွန်း
ပြောကြားရာတွင် “မဏိပူပြည်သူတွေက မြန်မာတွေကို ဒီမိုကရေစီ ရရှိစေချင်တာ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို
ထောက်ခံတာ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် အခမ်းအနား ကျင်းပရတာ ဖြစ်တယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။
စစ်မှန်သည့် ဒီမိုကရေစီသာလျှင် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး လုပ်ပေးနိုင်ကြောင်း သမ္မတဦးသိန်းစိန် သိရှိစေလိုကြောင်း မစ္စတာရာတန် က ဆိုသည်။
အခမ်းအနားသို့ ဒေသခံ ကူကီးလူမျိုး၊ မဏိပူရီ လူမျိုးများ တက်ရောက်ခဲ့ကြပြီး အငြိမ်းစား အရာရှိဟောင်းများ၊
ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများအပြင် တမူးမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တချို့ လည်း တက်ရောက်ခဲ့ကြသည်။
ရှစ်လေးလုံး သမိုင်းဖြစ်စဉ်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်အနစ်နာခံမှုများ ဟောပြောခဲ့ကြပြီး ဒေသတွင်း လူမျိုးစုခေါင်းဆောင်များကလည်း ၎င်းတို့၏ အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။
“ကျနော်တို့ မဏိပူပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်နှစ်သက်ပါတယ်။ သူဟာ မှန်ကန်တယ်။ ရဲရင့် တယ်။ ကျနော်တို့ သူကို လေးစားတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို တကမ္ဘာလုံးက လေးစားအားကျတယ်။ ကျနော် တို့ ထောက်ခံတယ်” ဟု ရှေ့နေကြီး ရာတန် က ဆိုသည်။
SCBD တွင် သဘာပတိ အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့အရေး စိတ်ပါဝင်စားသူ ဒေသခံ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ရှေ့နေများ၊ အရာရှိဟောင်းများ ပါဝင်သည်။
နယူးဒေလီမြို့လယ် Janta Manta ပန်းခြံအနီးတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၇၀ ခန့်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြပွဲတခု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းကြောင်းအား ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းခဲ့သူများက
ဟောပြောခဲ့ကြပြီး ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေး၊ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့်
ပြည်တွင်း စစ်ရပ်စဲရေးတို့ကို တောင်းဆိုကာ သမ္မတ ဦးသိန်းစိန်၏ ပုံစံ စက္ကူထူရုပ်အား မီးရှို့ကာ လက်ရှိအစိုးရအား အလိုမရှိကြောင်း ဆန္ဒပြကြသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment