Thursday, August 09, 2012

ပိုဆိုးလာသော မူးယစ်ဆေးဝါးပြဿနာနှင့် မြန်မာနိုင်ငံရင်ဆိုင်နေရ(Myanmar Facing Worsening drug Problem)



(Radio Netherlands Worldwide မှ 8 Aug 2012 ရက်စွဲပါ “Myanmar Facing Worsening drug Problem” သတင်းကို ဘာသာပြန်ဆိုသည်။)

ဇူလိုင်လအတွင်းက အင်ဖက်တာမင်းဆေးပြား ၁.၄ သန်းကျော်နှင့် ဟီးရိုးအင်း ၁၁၆ ကီလိုဂရမ် အပါအ၀င် မူးယစ်ဆေးဝါး အမြောက်အများ သိမ်း ဆည်းရမိပြီး နောက်တွင် အာဏာပိုင်များက မြန်မာနိုင်ငံသည် ပိုမိုဆိုးဝါးလာသော မူးယစ်ဆေးဝါးနှင့် ရင်ဆိုင်နေရကြောင်း ဗုဒ္ဓဟူးနေ့က သတိပေး ပြောဆို လိုက်သည်။ မူးယစ်တပ်ဖွဲ့မှ အမည်မဖော်လိုသော ရဲအရာရှိကြီးတစ်ဦးက “ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အရမ်းကို အန္တရာယ်ကြီး နေပါပြီ။ ဒီပြဿနာဟာ ပိုပြီးဆိုးလာပါတယ်။ ၂၀၁၄မှာ မူးယစ်ဆေးဝါး ကင်းစင်သွားဖို့ ဆုံးဖြတ်ထားပေမယ့်လည်း စိတ်ကြွဆေးပြား ပြဿနာ ရှိနေတဲ့အတွက် ကြောင့် ဘိန်းကင်းစင်တဲ့ဇုန်ုပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

ဇူလိုင်လ အတွင်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မှုခင်း ၃၄၂ မှုရှိခဲ့ပြီး သံသယရှိသူ ၄၇၃ ဦး ဖမ်းဆီးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဗုဒ္ဓဟူး နေ့တွင် သတင်းထုတ်ပြန်သည်။ စိတ်ကြွဆေးပြား အများစုကို နိုင်ငံအရှေ့ပိုင်းနယ်စပ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သော်လည်း ရန်ကုန်မြို့တော်အထိ သုံးစွဲမှုပျံ့ နှံ့နေပြီ ဟု ၎င်းရဲအရာရှိက ဆိုသည်။

“ဒီဆေးပြားတွေကို အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။ ဒါဟာ မူးယစ်တိုက်ဖျက်ရေး အာဏာပိုင်တွေအတွက် အလွန်ကြီးမားတဲ့ ပြဿနာပါ။ နည်း ပညာရင်းမြစ်၊ လူသားရင်းမြစ်၊ ကိရိယာရင်းမြစ်တွေ ချို့တဲ့မှုကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အားနည်းသွားစေပါတယ် ” ဟု ၎င်းက သတိပေး ပြော ကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက ယင်းတို့၏ တပ်ဖွဲ့ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှတဆင့် ၀င်ငွေရှာဖွေကြရသော နယ်စပ် ဒေသများတွင် ဓါတုဆေးပြား ထုတ်လုပ်မှုနှင့် ဘိန်းစိုက်ပျိုးမှု ထွန်းကားလျှက်ရှိသည်။

မနှစ်က အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရက ယခုအခါ အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် အပစ်ရပ် စာချုပ်များ လက်မှတ်ထိုးကာ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း နေပြီဖြစ်သည်။

ကာလများစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးနွံ့ထဲမှ နှေးနှေးကွေးကွေး ရုန်းထွက်နေရသော မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယ အများဆုံး ဘိန်းစိုက်နိုင်ငံဖြစ်နေသည်။

ရှမ်းပြည်နယ်သည် အင်ဖက်တာမင်း အဓိက ထုတ်လုပ်ရာ ဒေသဖြစ်သည်ဟု ပြောကြားသော ကုလသမဂ္ဂအဖွဲ့က ၁၉၉၈ခုနှစ် မှ ၂၀၁၀ခုနှစ် အကြား တစ်ကမ္ဘာလုံး စိတ်ကြွဆေးပြား သိမ်းဆည်းရမိမှု ပမာဏမှာ ၃ ဆ တိုးလာခဲ့သည်ဟု ခန့်မှန်းထားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့် ပတ်သက်၍ နာမည်ပျက်မှတ်တမ်းဝင်နေသော UWSA “၀”တပ်ဖွဲ့ အခြေစိုက်ရာ ရှမ်းပြည်နယ်တွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရှင်းလင်းရန်အတွက် မြန်မာအစိုးရနှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့အကြား မေလက သဘောတူညီမှု ရရှိခဲ့သည်။


Yangon chronicle

No comments:

Post a Comment

My Blog List