Friday, August 10, 2012

Skype သုံးနိုင်မည့် TV Cam HD ကို Logitech ဖြန့်ချိ

 

Skype video-chat ကင်မရာများ သည် ယခု အခါတွင် အိမ်သုံးTV များ သို့ တဖြည်းဖြည်း ကူပြောင်းရောက် ရှိလာခဲ့ပြီး အဆင့်မြင့်အရန်ပစ္စည်း တစ်ခုအဖြစ် ရွေးချယ်အသုံးပြုနိုင် မည်ဖြစ်သည်။ အိမ်သုံး TV များနှင့် တွဲဖက် အသုံးပြု နိုင်သည့်TV Cam HD ကို တန်ဖိုးဒေါ်လာ၂၀ဝနှုန်းဖြင့် Logitech ကထုတ်လုပ်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
အဆိုပါကင်မရာမှာ့ high-definition video များကို ဖမ်းယူနိုင်ပြီးံHDMI input တပ်ဆင်ထားသောHDTV များတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင်အဆိုပါ TV Cam HD တွငှ်ုSkype software နှင့်WiFi စနစ်တို့တစ်ပါတည်း built-in ပါဝင်မည်ဖြစ်ပြီး တ ခြားသောကွန်ပျူတာတစ်လုံးလုံးနှင့် တပ်ဆင်အသုံးပြုရန်လိုအပ်မည် မဟုတ်ပေ။ ထိုကင်မရာ၏ပံ့ပိုးမှု ကြောင့် မိမိTV ရှေ့တွင်ရှိသော ဆိုဖာခုံပေါ်မှနေ၍ HD Skype video calls များကိုသက်သောင့်သက်သာ ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထို့အပြင် အဆိုပါကင်မရာတွင် Ethernet port ပါဝင်သည့်အတွက် အ သုံးပြုသူအနေဖြင့် wired connection စနစ်ကိုချိတ်ဆက်အသုံးပြုချင် ပါကလည်း အသုံးပြုနိုင်ဦးမည်ဖြစ် သည်။ အဆိုပါကင်မရာကိုTVအ ပေါ်ဘက်တွင်တပ်ဆင်၍အသုံးပြု ရမည်ဖြစ်သည်။အသုံးပြုရန်အတွက်သက်ဆိုင် သူ၏ Skype account အချက်အ လက်များကိုဦးစွာဖြည့်သွင်းရမည် ဖြစ်ပြီး ကွန်ပျူတာ၊ စမတ်ဖုန်း၊ tablet တို့တွင်အသုံးပြုရသကဲ့သို့ပင် အဆိုပါကင်မရာနှင့်အတူပါဝင်သော remote control ကိုအသုံးပြုပြီး onscreen user-interface စနစ်ကို ဖမ်း ယူအသုံးပြုနိုင်မည်ဖြစ်သည်။
ဂျာမနီCarl Zeiss optics နည်း ပညာနှင့်ပေါင်းစပ်ထားသော wideangle lens ကိုအသုံးပြုထားပြီး builtin ringer ကြောင့်TV ကိုဖွင့်ထား၊ပိတ် ထားသည်ဖြစ်စေ ဖုန်းခေါ်ဆိုမှုကို သိနိုင်ကာ အသံအတွက် 4 microphones ကိုအသုံးပြုပေးထားသည်။

No comments:

Post a Comment

My Blog List