၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အမှတ်တရ အခမ်းအနားတွေကို
မြန်မာနိုင်ငံရဲ့မြို့ အနှံအပြာ့းမှာ တားဆီး နှောင့်ယှက်မှု
မရှိဘဲကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရခဲ့ပါတယ်။
မကွေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကိုကျင်းပခဲ့ပြီး၊မြို့ခံ
လူထု ၃၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ NLD ပါတီရဲ့ စည်းရုံးရေး အဖွဲ့ဝင်
ဦးအေးခိုင်က RFA ကိုပြောပါတယ်။
မကွေးမြို့က ပွင့်လင်းလူ့အဖွဲ့အစည်ရုံးခန်းမှာ ပြုလုပ်တဲ့ ရှစ်လေးလုံး
အခမ်းအနားကိုတော့မြို့ခံလူထု၅၀ ကျော်တက်ရောက်ခဲ့ပြီး၊ရဟန်းသံဃာတော်တွေကို
ဝါဆိုသင်္ကန်းနဲ့ဆွမ်း ကပ်လှုခဲ့ကြောင်း မကွေးမြို့ ၊ပွင့်လင်းလူ့အဖွဲ့အစည်းက
ကိုသူရက RFA ကိုပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့မှာ ရှစ်လေးလုံး အထိမ်းအမှတ်
အခမ်းအနားမကျင်းပဖို့ တားမြစ် ခံရပေမယ့်လည်း ဒီကနေ့မနက်မှာတော့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေ ၊၈၈ ကျောင်းသားဟောင်းတွေ
စုပေါင်းပြီး ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနား အပြီးမှာ တွံတေးရွှေဆံတော် ဘုရားကို
လမ်းလျှောက်ချီတက်ခဲ့ကြပြီး၊အကျဉ်းထောင်တွင်း ကျန်ရှိတဲ့ နိုင်ငံရေး
အကျဉ်းသားတွေလွတ်မြောက်ဖို့ကို ဆုတောင်းဆန္ဒပြုခဲ့ကြောင်း ၈၈ အရေးတော်ပုံ
သပိတ်ခေါင်းဆောင်ဟောင်း ဦးမြင့်စိုးက RFA ကိုပြောပါတယ်။
ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပ မြို့နယ်က ဥတ္တရခန်းမမှာ ရှစ်လေးလုံး အထိမ်းအမှတ်
အခမ်းအနားကို NLD ပါတီဝင်တွေ၊ရှစ်ဆယ့်ရှစ် အရေးတော်ပုံမှာ တက်တက်ကြွကြွ
ပါဝင်သူတွေ ၊မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂအဖွဲ့ဝင်တွေ
စုပေါင်းကျင်းပခဲ့ပြီး၊ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလက ကျဆုံးခဲ့သူတွေ အမှတ်တရ
ကျောက်တိုင်ဟောင်း နေရာမှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ ကဗျာဆရာသစ္စာနီက ရှစ်လေးလုံးနှစ်ဆယ့်လေးနှစ်အကြာမှာ
မြင်နေရပြီ ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မဆိုက်ရောက်ခင် တက်မထောင်ကျဖို့
သတိပေးပြောကြားခဲ့ပါတယ်။
ပဲခူးတိုင်း၊အနောက်ဘက်ခြမ်းမှာရှိတဲ့ ပေါင်းတည်မြို့နယ်မှာလည်း ရှစ်လေးလုံး
အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးနဲ့ မင်္ဂလာဇေယျုံ
ပညာဒါန ဘုန်းကြီးကျောင်းတို့မှာ နှစ်နေရာခွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးမြို့၊စိန်ပန်းရပ်က
လောကမာန်အောင်ကျောင်းမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှုးကျင်းပခဲ့ပြီး မြို့ခံတစ်ရာကျော်
တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ပေးပို့တဲ့
သဝဏ်လွှာနဲ့ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဖွဲ့(ရလလဖ)ကပေးပို့တဲ့
သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ တောင်ကြီးမြို့၊အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးက RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်၊စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
ဌာနချုပ်ရုံးမှာ ရှစ်လေးလုံး အမှတ်တရနေ့ကို ကျင်းပခဲ့ပြီး၊ ရှစ်လေးလုံး
အရေးတော်ပုံမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတို့က သူတို့တွေ့ကြုံခဲ့တဲ့
ဖြစ်ရပ်တွေကို ပြန်လည် ပြောကြားခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက
ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခိုင်ပြည်စိုးက RFA ကိုပြောပါတယ်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့က NLD ပါတီဝင်များကလည်း ရှမ်ဘူရပ်ကွက်မှာရှိတဲ့
မေတ္တာစိမ့်စမ်း မိဘမဲ့ဂေဟာမှာ ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားကို
ကျင်းပခဲ့သလို မိဘမဲ့ကလေးများကို အဝတ်အထည်နဲ့စားသောက်ဖွယ်ရာတွေ
လှုဒါန်းခဲ့တယ်လို့ မြစ်ကြီးနားမြို့က NLD ပါတီဝင် ဦးချစ်အေးက RFA
ကိုပြောပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံက မြို့အနှံ့မှာကျင်းပတဲ့ ရှစ်လေးလုံး
အထိမ်းအမှတ်အခမ်းအနားတွေကို အာဏာပိုင်တွေဘက်က တားဆီးနှောင့်ယှက်ခြင်း
မပြုပေမယ့်လည်း အသင့်အနေအထားနဲ့ စောင့်ကြည့်တာမျိုးတွေ၊အခမ်းအနား ကျင်းပတဲ့
နေရာတွေကို လာရောက်ဓာတ်ပုံရိုက် မှတ်တမ်းယူတာမျိုးတွေ လုပ်ခဲ့တယ်လို့
သိရပါတယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
7 months ago
No comments:
Post a Comment