Saturday, August 11, 2012

အမှိုက်များခွဲခြားစွန့်ပစ်ခြင်း မရှိပါက စက်တင် ဘာလ ၁ ရက်နေ့မှ စတင်ကာ အရေးယူမည်


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာနရဲ့ ပြောကြားချက် အရ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ
အမှိုက်စိုနဲ့ အမှိုက်ခြောက် များကို ခွဲခြား စွန့်ပစ်ခြင်း မပြုလုပ်ပါက အရေးယူ ဆောင်ရွက် သွားခြင်းများ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ ဒီလို အရေးယူမှု မပြုလုပ်ခင် ဧပြီလမှ စတင်ကာ ယခု ကာလကို ပညာပေး ကာလအဖြစ် သတ်မှတ် ထားပြီး စက်တင်ဘာလ မှာတော့ ပညာပေး ကာလ ကုန်ဆုံးမှာ ဖြစ်ပြီး အရေးယူမှုတွေ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အမှိုက်များ ခွဲခြား စွန့်ပစ်ခြင်း မရှိပါက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း အဖြစ် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ် သွားမယ့် အကြောင်းကို မြို့နယ်များ၊ ရပ်ကွက် များမှာ အများ ပြည်သူများ သိရှိစေဖို့ စပီကာများနဲ့ ကြေညာ သွားမယ့် အပြင် သတင်းစာ၊ ဂျာနယ်များမှာ လည်း ထုတ်ပြန် ကြေညာ သွားမယ်လို့ သိရပါတယ်။ အမှိုက်အိတ်များနဲ့ ခွဲခြား စွန့်ပစ် ရမယ့် အမှိုက်အိတ် ဈေးနှုန်း တွေမှာ ၁၂ လက်မ၊ ၁၅ လက်မ အရွယ်အစားကို ယခင်က ၂၀ ကျပ် နှုန်းမှ ယခုအခါ ၁၅ ကျပ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ပြီး ၁၆ လက်မ၊ ၃၂ လက်မ အရွယ်ကို ယခင်က ၈၀ ကျပ်နှုန်းမှ ယခုအခါ ၅၅ ကျပ်သို့ အသီးသီး ပြောင်းလဲ သတ်မှတ် ထားပါတယ်။
အဆိုပါ အမှိုက်အိတ်များကို မြို့နယ်တိုင်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာန ရုံးများ၊ အမှိုက်သိမ်း ကားများ၊ လှည်းများ စတဲ့ နေရာတွေမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ခွဲခြား စွန့်ပစ်ရာမှာ အမှိုက်စိုများကို အပြာရောင် အ မှိုက်အိတ်များနဲ့ စွန့်ပစ် သွားရမှာဖြစ်ပြီး အမှိုက် အခြောက်များကို အစိမ်းရောင် အမှိုက်အိတ်များနဲ့ စွန့်ပစ်ရမှာ ဖြစ်ပါ တယ်။  အဲ့ဒီလို စွန့်ပစ်ရာမှာ မီးဖိုချောင်ထွက် အမှိုက်များနဲ့ သာမန် အမှိုက်များကို အမှိုက်ကန်၊ အမှိုက်သိမ်း လှည်းတွေမှာ စွန့်ပစ်ရမှာ ဖြစ်ပြီး အခြားခြံထွက် အမှိုက်များနဲ့ ဆေးရုံထွက် အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီသို့ ဆက်သွယ်ကာ စွန့်ပစ် ရမယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List