Saturday, August 11, 2012

နိုင်ငံတကာ လေကြောင်းလိုင်းများ မန်းလေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုလျှင် ခွင့်ပြုပေးမည်

 

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၊ မန္တလေး လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုပါက ခွင့်ပြုပေးသွားမည် ဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
“မန္တလေးက Tour ဧရိယာမို့ တိုက်ရိုက်ပျံသန်းချင်ရင် စိတ်ဝင်စားရင် ခွင့်ပြုပေးသွားမယ်လို့တော့ လေကြောင်းလိုင်းတွေကို ပြောထားတယ်။ ရန်ကုန်လေဆိပ်မှာ ဆင်းရတာ ကျပ်လို့ မန္တလေးဘက်ကို ခွင့်ပြုတာတော့ မဟုတ်ပါဘူး” ဟု လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၄ ရက်နေ့မှ စတင်၍ ဘန်ကောက်-မန္တလေး တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို Air Asia လေကြောင်းအား ပျံသန်းခွင့် ပြုထားပြီးဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက် ပြေး ဆွဲနေရာမှ ဘန်ကောက်-မန္တလေးကို ထပ်တိုးပြေးဆွဲခြင်း ဖြစ်ပြီး ဘန်ကောက်-မန္တလေး ခရီးစဉ်ကို တစ်ပတ်လျှင် လေး ကြိမ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးလေဆိပ်ကို ပြည်တွင်း လေကြောင်းလိုင်းများသာ အများဆုံး ဆင်းသက်နေပြီး ပြည်ပလေကြောင်းများတွင် ချာတာအနေဖြင့် မန္တလေး-ဂယာ ခရီးစဉ်ကို ပြေးဆွဲလျက် ရှိသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များသို့ ပြည်ပ လေကြောင်းလိုင်းများ ဆင်းသက် ပျံသန်းလျက် ရှိသည်။

No comments:

Post a Comment

My Blog List