Friday, August 10, 2012

ချောက်မြို့နယ်တွင်းမှဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံတွင်မီးလောင်ပေါက်ကွဲ

 ချောက်မြို့နှင့်စလေမြို့ကြားရှိဧရာဝတီမြစ်၏အရှေ့ဘက်တွင်တည်ထားသောဟိုက်ဒရိဂျင်ပါအောက်ဆိုဒ် စက်ရုံအားသြဂုတ်၂ရက်မှာမွန်းလွဲ၁နာရီခန့်ကမီးလောင်ပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။ Main Unit ရှိ Oxidation Tower ဟိုက်ဒရိုင်ဂျင်ဓါတုရည်များ ယိုထွက်လာပြီးဒိုင်းကနဲဝုန်းကနဲတုန်ခါသွားပြီး အသံကျယ်လောင်စွာဖြင့်ပေါက်ကွဲမှုကြီးသုံးခါဖြစ်၍မီးလောင်မှုဖြစ်သည်ဟုပြောဆိုကြသည်။  မီးလောင်ေ
သာနေရာသည် ချောက်မြို့နှင့်စလေမြို့အကြားတွင်ဖြစ်၍ လူနေအိမ်ခြေရပ်ကွက်များနှင့်ဝေးသည်။ အနီးဆုံးတွင် ကျေးရွာများ
ရှိကြသည်။ စလေမြို့မှ ငါးမိုင်
 ခန့်နှင့်ချောက်မြို့မှငါးမိုင်ခန့်ဝေးသည်။ ယင်းမီးလောင်ရာသို့ ချောက်မြို့၊ စလေမြို့၊
 ကျောက်ပန်းတောင်းမြို့နှင့်ညောင်ဦးမြို့များမှ မီးသတ်ကားများရောက်ရှိ၍ မီးငြှိမ်းသတ်ပေးကြသည်။
 ညနေပိုင်း ၅နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ကြောင်းသိရသည်။ ချောက်ပြည်သူ့ဆေးရုံကြီးတွင်
မီးလောင်ခံရသူခုနစ်ဦးခန့်တက်ရောက်နေကြောင်း၊ငွေကျပ်သိန်းပေါင်းသောင်းဂဏန်းခန့်
ဆုံးရှုံးမည်ဖြစ်ကြောင်းကြားသိရပါသည်။

No comments:

Post a Comment

My Blog List