Saturday, August 11, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနသာင်္ရီတိုင်းညီလာခံကျင်းပရေး ကော်မရှင်မှ မြိတ်ခရိုင်နှင့် မြို့နယ်ကော်မရှင်များ တာဝန်ပေးအပ်ခြင်း အခမ်းအနား...

တနသာင်္ရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီချုပ် တနသာင်္ရီတိုင်း ညီလာခံကျင်းပရေး ကော်မရှင်၏ စီမံချက်ဖြင့် ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင်များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား (5.8.2012)ရက်နေ့၊ နေ့လည်၁နာရီက မြိတ်မြို့ ကန်ဖျားနယ်မြေရှိ ဦးစောဂျက်မင်္ဂလာခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး တိုင်းညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်မင်းလေးမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ မြိတ်ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်၁၅ဦး၊ မြိတ်မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင်မှ အဖွဲ့ဝင်၁၅ဦး၊ တနသာင်္ရီမြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်၁၅ဦး၊ ကျွန်းစုမြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်၁၅ဦးနှင့် မြိတ်မြို့နယ် ရပ်ကျေးညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်၃ဦးစီ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားတွင် သဘာပတိ ဦးသန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင်နှင့် မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင် အသီးသီးတို့အား တာဝန်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်မြိတ်ခရိုင် အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးသန်းနွယ်မှ တာဝန်ပေးအပ်ခြင်း ခံရမှုနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက်သဘာပတိမှ နိဂုံးချုပ် ကျေးဇူးတင် စကားပြောကြားပြီးနောက် အခမ်းအနားအား ညနေ၄နာရီတွင် အောင်မြင်စွာ ပြုလုပ်ကျင်းပ ပြီးစီးခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသူများအား ရေခဲမုန့်နှင့် ကိတ်မုန့်၊ စမူဆာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
 
 ဒီမိုဝေယံ

No comments:

Post a Comment

My Blog List