Saturday, August 11, 2012

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေအခက်အခဲမေးမြန်း

 
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံကျေးရွာပြည်သူတွေနဲ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့ အလုပ်အကိုင်ရရှိရေး စတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နေပြည်တော်ကအခြေခံပြည်သူတွေနဲ့အ
ခုလိုတွေ့ဆုံတာဟာ ဒေသခံလူထုရဲ့ ပညာရေး ၊ ကျန်းမာရေး ၊လူမှုရေး ၊စီးပွားရေး အခြေအနေတွေကိုသိချင်လို့ ပြည်သူတွေရဲ့အသံကို လာရောက်နားထောင် တာ ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပညာရေးနဲ့ပါတ်သက်လို့ အတန်းပညာ အနည်းဆုံး ဆယ်တန်းထိ သင်ကြားခဲ့ဖူးတဲ့ လူငယ်တွေကို ကျောင်းဆရာဖြစ်သင်တန်းတွေပေးသွားဖို့ အစီအစဉ်ရှိသလို ကျန်းမာရေးအပိုင်းမှာလည်း ပညာပေးရေးသင်တန်းတွေနဲ့ အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ပေးသွားဖို့အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို ရဲဒီကျေးရွာနဲ့ အနီးအနားကျေးရွာ (၁၂) ရွာက ဒေသခံပြည်သူ ၂၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း နေပြည်တော် NLD ရုံးသစ်ကို အခုလ ၁၅ ရက်နေ့မှာ မြို့လယ် သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း၊ အဲဒိရုံးမှာ လယ်ယာမြေ သိမ်းဆည်းခံရတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကြောင်း သိကောင်းစရာတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ ညနေ ၃ နာရီကနေ ၆ နာရီအထိ လာရောက်တိုင်ပင် ဆွေးနွေးနိုင်မှာဖြစ်တဲ့အပြင် အခုလ ၁၆ ရက်နေ့ ကစလို့ ကျေးရွာအသီးသီးက ကလေးငယ်တွေအတွက် ပညာရေး အထောက်အကူပြု သင်တန်းတွေပါ စတင်ပို့ချသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List