Wednesday, August 08, 2012

မန္တလေးက ၈၈၈၈ နှစ်ပတ်လည်နေ့ အခမ်းအနား


ဒီနေ့မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးအလယ်တိုက်မှာ ပြုလုပ်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ၂၄နှစ်ပြည့် ငွေရတုအကြိုဆွမ်းကျွေးပွဲနဲ့ ၀ါဆိုသင်္ကန်းကပ်ပွဲမှာ ရှစ်လေးလုံးအရေးတော်ပုံ စတင်ခဲ့တဲ့ သြဂုတ်လ(၈)ရက် နေ့ကို့ မြန်မာ့ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ဖို့ မန္တလေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုတင်သစ်က အဆိုတင်သွင်းခဲ့ရာမှာ တက်ရောက်လာသူ ၁၀၀၀ ကျော်က ထောက်ခံခဲ့ကြပါတယ်။

ဂျီစီဘီအေ အသင်းကြီးရဲ့ န၀မအကြိမ်ကွန်ဖရင့်အစည်းအဝေး မန္တလေးမြို့မှာ ကျင်းပခဲ့စဉ်က အမျိုးသားနေ့ သတ်မှတ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းအစဉ်အလာအရ အခုနှစ်မန္တလေးမြို့မှာကျင်းတဲ့ ရှစ်လေးလုံးနေ့ကို ဒီမိုရေစီနေ့အဖြစ် သတ်မှတ်ဖို့ အဆိုတင်ရတာဖြစ်တယ်လို့ မောင်တင်သစ်က ပြောပါတယ်။

ကျောင်းသားခေါင်းဆောင်ကိုကိုကြီးကလည်း ရှစ်လေးလုံး (၂၄)နှစ်အကြာမှာ
ရှစ်လေးလုံးရဲ့ ကြွေးကြော်သံ တွေ အရာထင်လာခဲ့ပြီလို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လည်း စစ်အစိုးရက ၈၈ ကျောင်းသားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေကို နယ်အနှံထောင်တွေဆီ ပို့ပစ်တာဟာ မိသားစုဘ၀တွေ ကသောင်းကနင်းဖြစ်အောင် လုပ်ဆောင်ခဲ့တာ၊ အင်အားချည့်နဲ့သွားအောင်လုပ်တာ ဆိုပေမယ့်အရှုံးထဲကအမြတ်အနေနဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုရရှိစေခဲသလိုဒီမိုကရေစီနိုင်ငံရေးပြည်ထောင်စုကွန်ယက်ဖြစ်ပေါ်စေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

အဲဒိနောက် ၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို အပါအ၀င် ရှမ်း၊ကယား၊ကချင်ပြည်နယ်တွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး မနက်၁၀နာရီခွဲမှာပြီးဆုံးခဲ့ပါတယ်၊
ဒီကနေ့ မန္တလေးမြို့မှာ ရှစ်လေးလုံးအခမ်းအနားကို ဒက္ခိဏာရာမ၊ ဘုရားကြီးအလယ်တိုက်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အစီအစဉ်ပထမပိုင်းမှာ သံဃာတော်၈၈ပါးကို ဆွမ်းနဲ့ဝါဆိုသင်္ကန်းတွေ ဆပ်ကပ်လှူခဲ့ကြပြီးအလယ်တိုက်ဆရာတော်၊ဘုရားကြီးတိုက်ဆရာတော်၊မြ၀တီဆရာတော်နဲ့မစိုးရိမ်တိုက်သစ်ပဓာန နာယက ဆရာတော်တို့က သြ၀ါဒစကားတွေ မိန့်ကြားခဲ့ကြပါတယ်၊

ဒီပွဲကိုကိုမင်းကိုနိုင်၊ကိုကိုကြီးဦးဆောင်တဲ့၈၈ကျောင်းသားများအဖွဲ့၊မန္တလေး၈၈ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေး၊လူမှုရေးနယ်ပယ်ကပုဂ္ဂိုလ်တွေ၊နိုင်ငံတ၀န်းက ၈၈ကျောင်းသားဟောင်းတွေ၊ ဗကသနဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံးဝင်တွေ၊ နိုင်ငံရေးမိသားစုဝင်တွေစုစုပေါင်း၁၀၀၀ကျော် တက်ရောက်ခဲ့ကြပါတယ်။

(ဓါတ်ပုံ ၈၈ မျိုးဆက်ကျောင်းသားများ)

No comments:

Post a Comment

My Blog List