Friday, August 10, 2012

မကြာမီမှာ ဒုတိယအခွေထွက်တော့မယ့် အောင်လ

 

စာနယ်ဇင်းပွဲ တစ်ခုမှာ တွေ့ရတဲ့ အောင်လနဲ့ ပြောဖြစ် သမျှက- “ကျွန်တော့်ရဲ့ ဒုတိယ ခွေလေး အတွက် ဒီရက်ပိုင်းမှာ စီစဉ်နေပါ တယ်။နယ်ရှိုးပွဲက ဒီလထဲမှာ မော်လမြိုင်ပွဲပဲ ရှိပါတယ်။ ကျွန်တော့် အခွေက အတီးတွေအကုန်ပြီးသွားပါပြီ။
အဆိုပဲကျန်တော့တယ်။ ထွက်သွားတဲ့ မိုင်လေး အခွေမှာလေးပုဒ်ရေးပေးထားတယ်။ အခုရက်ပိုင်းဆို ကျွန်တော်ကြော်ငြာ သီချင်းတွေရေးတာပိုများနေတယ်။အဲ့လိုမျိုးစီးပွားရေးကြော်ငြာပိုင်းကို ရေးပေး နေတော့ တစ်ဖက်မှာတော့အားလျှော့သွားတာရှိတယ်။ကျွန်တော် အခုနောက် ပိုင်းသီချင်းကိုမရေးပေးတော့ဘူး။ ကိုယ်နဲ့ခင်တဲ့သူပဲရေးပေးတယ်။
ကျွန်တော် လည်းကိုယ့်အတွက်ကိုလည်းချန်ရသေးတယ်။ သီချင်းတွေထပ်လာမှာစိုးတော့လေ။သီချင်းကို တော်ရုံ မရေးတော့ဘူးချထားတယ်။ မေ့လောက်မှပြန်ရေးဖြစ်တယ်။ကျွန်တော်အခု ဒုတိယအခွေမှာ သီချင်းတစ် ပုဒ်နဲ့တစ်ပုဒ် ပုံစံမတူအောင်လုပ်ထားတယ်။ပထမခွေမှာပုံစံတူပါတယ်။ ဒုတိယခွေကို သေချာအချိန်ယူပြီး (၂)နှစ်လောက်လုပ်ထားတယ်။ ပထမခွေကိုမမီမှာစိုးလို့ ပြင်ဆင်ရင်း ပြင်ဆင်ရင်းနဲ့ သေချာလုပ်ထား ပါတယ်။ အဲဒီအခွေကို သိပ်မကြာခင်ပရိသတ်ဆီချပြနိုင်တော့မှာပါ” လို့ဆိုသွားပါတယ်။

No comments:

Post a Comment

My Blog List