Thursday, August 09, 2012

ကမ်းရိုးတန်းနှင့် မြစ်တွင်းရေပြင်နယ်မြေများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ်မြို့များတွင် ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်း

မြန်မာ့ရေတပ်မတော်မြန်မာ့ရေတပ်မတော်
ကမ်းရိုးတန်းနှင့် မြစ်တွင်း ရေပြင်နယ်မြေများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှုခင်းများ ကာကွယ်တားဆီးရေးအတွက် ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ်မြို့များတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခုဖွဲ့စည်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကိုကိုက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းများ၊ မြစ်ကြောင်းများ လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ပြည်တွင်းဆိပ်ကမ်းများ လုံခြုံရေး၊ ကမ်းရိုးတန်းနှင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေသည့် လှေ၊ သင်္ဘောများ လုံခြုံရေး၊ ဆိပ်ကမ်းနယ်မြေများ လုံခြုံရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဖွဲ့စည်းမိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

”ရေကြောင်းရဲတပ်ဖွဲ့ခွဲသုံးခုကို ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ်မြို့တွေမှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ ရေကြောင်း ရဲတပ်ဖွဲ့စုရှစ်ခုကို ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ မန္တလေးနဲ့ ၀မ်ပုံ(မဲခေါင်) မြို့တွေမှာ ဖွဲ့စည်းပြီး လုံခြုံရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှုများ၊ ကျွန်တော်တို့ နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ရေလမ်းကြောင်းတွေက တစ်ဆင့် ကျူးလွန်လာတဲ့မှုခင်းတွေကို တားဆီးနှိမ်နင်းဖို့နဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ဆောင် ရွက်ဖို့ ဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောပါသည်။
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဘင်္ဂါလီဓားပြအဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ မယူကမ်းကျေးရွာများကို ဓားပြတိုက်၊ န.စ.ကတပ်ဖွဲ့များကို ၀င်ရောက်စီးနင်းမှုများ ဖြစ်ခဲ့ဖူးပြီး မယူတောင်ကို ကျော်ဖြတ်၍ ရေကြောင်းမှတစ်ဆင့် ပုန်းလျိုး ပျောက်ကွယ်သွားကြပါတယ်။ ထို့အပြင် ကျွဲနွားများကို လုယူခြင်း၊ ငါးခိုးဖမ်းခြင်း၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးသုံး နိုင်ငံခြားဆေးများကို ရောင်းဝယ်မှု ပြုနေကြပါတယ်   .   .   .
ရေကြောင်းရဲတပ်ဖွဲ့များသည် ရေပြင်နယ်နိမိတ်အတွင်း ရေကြောင်းလမ်းကို အသုံးပြုပြီး ကျူးလွန်လာသည့်ပြစ်မှုများကို တားဆီးဖော်ထုတ်ခြင်း၊ အိမ်နီးချင်းနိုင်ငံ ရဲတပ်ဖွဲ့များနှင့် နယ်နိမိတ်ဖြတ်ကျော် မှုခင်းများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်နယ်နိမိတ်နှင့် မြစ်ကြောင်းများအတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများကို တန်ပြန်နှိမ်နင်းနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ် ဒဏ်ခံရသူများနှင့် ရေဘေးဒုက္ခသည်များကို ရှာဖွေ ကယ်ဆယ်စောင့်ရှောက်ခြင်းများကို ဆောင်ရွက်နိုင်ရန်အ တွက် ရည်ရွယ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ‘ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဘင်္ဂါလီ ဓားပြအဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ မယူကမ်းကျေးရွာများကို ဓားပြတိုက်၊ န.စ.က တပ်ဖွဲ့များကို ၀င်ရောက်စီးနင်းမှုများ ဖြစ်ခဲ့ဖူးပြီး မယူတောင်ကို ကျော်ဖြတ်၍ ရေကြောင်းမှတစ်ဆင့် ပုန်းလျိုး ပျောက်ကွယ်သွားကြပါတယ်။ ထို့အပြင် ကျွဲ နွားများကို လုယူခြင်း၊ ငါးခိုးဖမ်းခြင်း၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးသုံး နိုင်ငံခြားဆေးများကို ရောင်းဝယ်မှု ပြုနေကြပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွန်ခဲ့တဲ့နှစ်လေးငါး ဆယ်ခန့်က ရေတပ်အပြင် ရေကြောင်း ရဲများ အကောက်ခွန် ကင်းလှည့်ရေယာဉ် များ ထားရှိခဲ့ဖူးပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် မြန်နှုန်းမြင့် သင်္ဘောဘုတ်များပါဝင်သော ရေကြောင်းရဲတပ်ဖွဲ့ဖြစ်စေ၊ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်စေ ဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်၍ ‘မေးမြန်းခဲ့ရာတွင် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
Eleven Media Group

No comments:

Post a Comment

My Blog List