Thursday, August 09, 2012

Voice နှင့် သတ္တုတွင်း ၀န်ကြီးဌာန ၏ အမှုအား စွဲချက်တင်ရန် သင့်၊ မသင့် ဆုံးဖြတ်မည်

သတ္တုတွင်း ဝန်ကြီးဌာနက Voice ဂျာနယ်ကို စွဲဆိုထားသော အမှုအား လာမည့် ၂၃ ရက်နေ့ ရုံးချိန်းတွင် စွဲချက် တင်သင့် ၊မတင်သင့်ကို ကြားနာ စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ယနေ့ ရုံးချိန်းတွင် ဒဂုံမြို့နယ် တရားရုံး၌ ပြောကြားသည်။

"စွဲဆိုထားတဲ့ ပုဒ်မနဲ့ ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးမှာပါ။စွဲချက် မတင်ရင် အမှုက လွတ်မယ်။စွဲချက် တင်ရင်တော့ အမှုကို ဆက်လက် ရင်ဆိုင်ရအုံးမှာပါ။''ဟု Voice ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက် နေသည့် တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

"အခု အချိန်မှာတော့ စွဲချက်တင်မယ်၊မတင်ဘူး ဆိုတာပြောလို့ မရသေးဘူး။အစ်မတို့ဘက်ကတော့ စွဲချက် မတင်အောင် အကောင်းဆုံး လျှောက်လဲချက် ပေးမှာပဲ။သူတို့ဘက်ကလည်း စွဲချက် တင်နိုင်အောင် ကြိုးစားကြမှာဘဲ " ဟု အထက်တန်း ရှေ့နေ ဒေါ်ခိုင်စန္ဒာက ပြောကြားသည်။

တရားရုံး အနေဖြင့် ယခုကဲ့သို့ ရုံးချိန်းများစွာ ခေါ်ယူ၍ အမှုကို ကြားနာ စစ်ဆေး နေသောကြောင့် စွဲချက် တင်မည်ဟု ယူဆရကြောင်း၊စွဲချက် မတင်လိုပါက ကြားနာ စစ်ဆေးမှုများကို အချိန်ကြာမြင့်စွာ လုပ်ရန် မလိုကြောင်း Voice ဂျာနယ်၏ အယ်ဒီတာချုပ်က ပြည်တွင်း စာနယ်ဇင်း သမားများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယနေ့ သြဂုတ်လ (၉) ရက်နေ့ ရုံးချိန်းသည် သတ္တုတွင်း ဝန်ကြီးဌာနက Voice ဂျာနယ်ကို တရားစွဲဆိုမှု အတွက် (၁၁)ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး တရားလို ပြသက်သေ ဦးအောင်ကိုကို(မန်နေဂျာ၊ မြန်မာ့ စီးပွားရေး ဘဏ်ခွဲ ၃ )ကို ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ဒဂုံမြို့နယ် တရားရုံးတွင် ကြားနာ စစ်ဆေးကာ (၁၂)ကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ (၂၃)ရက်နေ့တွင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

No comments:

Post a Comment

My Blog List