အမျိုးသား လွှတ်တော်၌ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းသည့် အဆိုကို ကန့်ကွက်သူ
ရှိလာသဖြင့် မဆွေးနွေးဖြစ်တော့ကြောင်းသိရပါသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက
ဆွးနွေးရန် တင်သွင်းသည့် အဆိုမှာ
အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း
စိမ့်ဝင်ရောက်ရှိနေခြင်း မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား
စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း များကို ဥပဒေစိုးမိုးရေးအတွက်
အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။
ဒေါက်တာ မြတ်ဥာဏစိုး၏ အဆိုကို ကန့်ကွက်ခဲ့သူမှာ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ မှ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုအဆိုကို ဆွေးနွေးပါက မတည်မငြိမ်ဖြစ်မှုများ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ခြင်းများကို ရုတ်သိမ်းပြီးသည့် အချိန်၌ ဆွေးနွေးပါက ပိုမိုသင့်တော်နိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။

No comments:
Post a Comment