Thursday, August 09, 2012

"မြန်မာ့ပထမ ပို့ဆောင်ရေးနည်းပညာတက္ကသိုလ် ဂျပန်-မြန်မာ ပူးပေါင်းဖွင့်လှစ်မည်"


မြန်မာ့ပထမဆုံး ပို့ဆောင်ရေးနည်းပညာဆိုင်ရာတက္ကသ
ိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ
နနှင့် ဂျပန်ကားကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ဆောင်ရခြင်း မှာ ပို့ဆောင်ရေး ကဏ္ဍ တိုးတက် စေလို သည့်အတွက် ဖြစ်ပြီး တက္ကသိုလ် အပါအဝင် ယာဉ်မောင်းသင် တန်းကျောင်းနှင့် မော်တော် ယာဉ် ပြုပြင် ထိန်းသိမ်းရေး ကျောင်းများပါ ဖွင့်လှစ် သင်ကြားသွားရန် အစီအစဉ် ရှိကြောင်း ဂျပန်ကား ကုမ္ပဏီ လီမိ တက်(JCCL) မှ ဥက္ကဋ္ဌ မစ္စတာ
ကာဇူဟီစာ အီဝါမိုတို က ပြောသည်။ အဆိုပါ ကားကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်အောင်မြင့်ကလည်း ”တက္ကသိုလ်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး ဌာနရဲ့ မူဝါဒနဲ့ အညီ ဆောင်ရွက် သွားမှာပါ” ဟု ဆိုသည်။ တက္ကသိုလ်နှင့် သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် လုပ်ငန်းစတင် ညှိနှိုင်းချိန်သာ ရှိသေးပြီး စတင် ဖွင့်လှစ်နိုင်မည့် ခုနှစ်ကို မူ အတိအကျ မသိရှိရသေးပေ။ ”သင်တန်းကျောင်း ကို ရန် ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အရင်ဖွင့်နိုင်အောင်
လုပ်မယ်။ အဲဒီ ကျောင်းတွေမှာ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ တက်ရောက် ခွင့်ရှိအောင် ဆောင်ရွက်သွားမှာပါ” ဟု ဒါရိုက်တာ ဦးတင်အောင်မြင့်က ဆက်လက် ပြောသည်။ သင်တန်းကာလ မှာ နှစ်နှစ်ဖြစ် ပြီး ယာဉ်မောင်း သင်တန်း ကျောင်း တက်ရောက်လို သူများအား နိုင်ငံ တကာ အဆင့်မီသင် ကြားပေးမည် ဖြစ်သလို မော်တော်ယာဉ် ပြုပြင်ထိန်း သိမ်းရေးကျောင်း အနေဖြင့်လည်း မော်တော်ကားများကို အဆင့်မီ ပြုပြင်ပေးနိုင်သည် အထိ သင်ကြား ပေးသွားမည် ဖြစ်သည်။ တက္ကသိုလ် တက်ရောက်လိုသူများ မှာ လေးနှစ် ပညာသင်ကြား ရမည် ဖြစ်ပြီး ဘွဲ့လွန်နှင့် ပါရဂူ ဘွဲ့အထိပါ သင်ကြားနိုင်မည် ဖြစ်ကြောင်း၊ တက္ကသိုလ် အောင်မြင်ပြီး ပါက ဂျပန်နိုင်ငံရှိ မည်သည့် မော် တော်ယာဉ် အလုပ်ရုံတွင်မဆို သွား ရောက် အလုပ်လုပ် ကိုင်နိုင်မည် ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ အဆိုပါ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ဂျပန်ကား ကုမ္ပဏီမှ ၄င်းတို့ နိုင်ငံတွင် ဖွင့်လှစ်ထားသော ကျောင်းများမှ သင်တန်းသုံးကားများ ကို မြန်မာနိုင်ငံ သို့ တင်သွင်းလာမည် ဖြစ်သည်ဟု ဦးတင်အောင်မြင့် က ပြောသည်။

ထက်ထက်၊ ဝေမာ

No comments:

Post a Comment

My Blog List