Thursday, August 09, 2012

"ပုဂ္ဂလိက ဘဏ်များ ပြည်တွင်းငွေလွှဲခ ဗဟိုဘဏ် သတ်မှတ်"

‎ပုဂ္ဂလိကဘဏ် များအား ပြည်တွင်း ငွေလွှဲခနှုန်းကျပ် ၁ဝဝ လျှင် ၁၅ ပြားနှုန်း ကောက်ခံရမည်ဟု သြဂုတ် ၆ ရက်နေ့တွင် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်း CB ဘဏ်မှ သိရသည်။
”အရင် ကျပ် ၁ဝဝ ကို ၁ဝ ပြားနှုန်း ကောက်နေတဲ့ သူတွေ ဈေး ပြန်ပြင် ရမယ်။ ဗဟိုဘဏ်က နှုတ် နဲ့ ထုတ်ပြန်လိုက်တာ အတိအကျ စာထွက်မယ်” ဟု CB ဘဏ်က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျပ်သိန်း တစ်ထောင်အထက် လွှဲပို့မည် ဆိုပါက ကျပ် ၁ဝဝ လျှင် ၁၂ ပြား ခွဲနှုန်း ကောက်ခံရမည် ဖြစ်ပြီး အထူး ဒေသများ ကောက်ခံမှု မှာ ဒေသ အလိုက် ဈေးနှုန်း ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
သြဂုတ် ၁ ရက်နေ့မှ စတင် ၍ ပုဂ္ဂလိကဘဏ် အချို့၏ ငွေလွှဲခ နှုန်းထား များကို ကျပ် ၁ဝဝ လျှင် ယခင်
၁၅ ပြား ကောက်ခံရာမှ ၁ဝ ပြား သို့ လျှော့ချ လိုက်ခြင်း ဖြစ်ပြီး ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ဈေးနှုန်း ချထားသော ဘဏ်များ ဈေး ပြန်ပြင် ရမည်ဖြစ်ကြောင်း သိရသည်။
အထူးဒေသ အဖြစ် မူဆယ်၊ မြိတ်၊ ကော့သောင်း၊ တာချီလိတ် နှင့် မြစ်ကြီးနား သို့ ငွေလွှဲပါက ကျပ် ၁ဝဝ လျှင် ပြား ၂ဝ အနည်းဆုံး လွှဲခ ၂ဝဝ ကျပ်၊ ဗန်းမော်၊ မောင်တော ဆိုပါက ကျပ် ၁ဝဝ လျှင် ပြား ၄ဝ၊ ဖားကန့် ဆိုပါက ကျပ် ၁ဝဝ လျှင် ပြား ၅ဝ အနည်းဆုံး ငွေလွှဲခ ၂ဝဝ ကျပ် သတ်မှတ်ထား ကြောင်း AGD ဘဏ်မှ ငွေလွှဲခနှုန်း ကောက်ခံမှုအရ သိရသည်။
ပုဂ္ဂလိကဘဏ် များသည် ပြည်တွင်း ငွေပို့ငွေလွှဲ လုပ်ငန်းများကို ဘဏ် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ကြခြင်း ဖြစ်ပြီး ဘဏ်ခွဲ အများဆုံး ဖွင့်လှစ် ထားသော အစိုးရ ဘဏ်ဖြစ် သည့် မြန်မာ့ စီးပွားရေး ဘဏ်နှင့် လည်း ချိတ်ဆက် ဆောင်ရွက်မှု ရှိ ကြောင်း သိရသည်။

ဝေယံမိုးမြင့်

No comments:

Post a Comment

My Blog List