အရက်
အလွန် အကျွံ သောက်ခြင်း က သွေးပေါင်ချိန် ကို တက်စေ တယ်၊ အသည်း ကို
ထိခိုက်စေတယ်။ အခြား ကျန်းမာရေးအ္တရာယ်များကိုလည်း တိုးမြှင့်ပေးတယ်။
ဒါတွေကတော့ လေ ဖြတ်ခြင်း၊ ယာဉ်မတော်တဆမှုများမှ သည် အူမကြီးနှင့်
အစာရေမြွိုပန် ကင်ဆာများအထိ ပါဝင်တယ်။ လူအများအပြားအတွက် အရက်ကို
အသင့်အတင့်သောက်ခြင်း (In Moderation) က ကျန်းမာရေးကို
အမှန်တကယ်တိုးတက်ကောင်းမွန်စေ တယ်လို့ သုတေသီတို့က တွေ့ရှိထား တာရှိတယ်။
ဒါက စိတ်ဖိစီးမှုကို လျှော့ ချနိုင်ခြင်းနှင့် သွေးထဲရှိ ကိုလက် စထရောလ်
"ကောင်း" (High- Density Lipoprotein, HDL)
ပမာဏကိုမြင့်တက်စေလို့ပဲဖြစ်တယ်။ ဒီနေရာမှာသော့ချက်စကားလုံးက
"သင့်တင့်သည့်ပမာဏ" (Moderation) ပဲဖြစ်တယ်။ တချို့ အတွက် တစ်နေ့ ၂
ခွက်သောက်ခြင်း က သိပ်များနေနိုင်တယ်။ တချို့ အတွက်တော့ တစ်နေ့ ၂ ခွက်
(ယင်း ထက်မပိုရ)က "အိုကေ" နိုင်တယ်။ သို့ပေမယ့် တစ်နေ့တစ်ခွက်တည်းနှင့်
သင့်စဉ်းစားတွေးခေါ်မှုအပေါ် ထိခိုက် မှုရှိတယ်ဆိုရင်တော့ အရက်က သင့် အတွက်
ကောင်းကျိုးမဖြစ်နိုင်ပါဘူး။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment