ရခိုင်ပြည်နယ်
စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို မွတ်ဆလင်ဘာသာဝင် ကုလားတွေက မီးရို
့တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့ 
ဒီလိုစက်ရုံစုရပ်ကွက်ကို မီးရို့ သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ
ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို
လိမ်ညာလို့  မရတဲ့ အတွက် မီးလောင်မြေပြင်ကို အကွက်ချ ပေးရင်
ဘယ်လိုလာဘ်စားတဲ့  လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်လဲ
ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ် ။
စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ်
ဖေဖေ၀ါရီလ-၅-ရက်နေ့ ကလဲဘဲ အခုလို ကုလား-ရခိုင်အဓိကရုဏ်းကြောင့် ပထမတကြိမ်
မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို -
နေအိမ်တွေကို မီးရို့ နဲ့  လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ
စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ
မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက်
ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။ ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက
ရှိပါတယ်။၂၀၀၁-ခုနှစ် မတ်လ-၂-ရက်နေ့ မှာတော့ မီးလောင်ခံရတဲ့  ရခိုင်လူမျိုးတွေနဲ့ 
ဘင်္ဂလီမွတ်ဆလင်ဘာသာဝင် လူမျိုး ( မှတ်ချက်- အခုအချိန်လို
သမိုင်းလိမ်ကုလားနာမည်တွေနဲ့  ရေဒီယိုတွေ -မီဒီယာတွေ -ပြည်တွင်းပြည်ပတွေက
မပြောဆိုခဲ့ ကြပါ ) တွေကို ခေါ်ယူပြီး မြေနေရာချထားပေးပါတယ် ။ လူတဦးကို
ပေ-၂၀-၅၀ စီ အကွက်ချ ပေးတော့ တချို့  မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီကုလားတွေက
လာဘ်စားတဲ့  တာဝန်ရှိ လူတွေနဲ့  ပေါင်းပြီး အချောင်မြေကွက်တွေ
ရသွားကြပြန်ပါတယ် ။ ယခုအရေးအခင်း လှုံ့ ဆော် အဓိကဖန်တီးသူ နွားသတ်သမား
ဦးခင်မောင်လှရဲ့  ဖခင်ဖြစ်သူ ဦးလှကျော်ဟာလဲဘဲ
မြေကွက်တွေကို ရရှိသွားပါးသေးတယ် ။ ဦးဗိုလ်ထွန်းရဲ့  ( ဒသမ ရ၆ ) ဧက
ဘိုးဘွားပိုင်မြေဂရမ်နဲ့  မြေပိုင်ရှင်အဖြစ် မြေစာရင်းဦးစီးဋ္ဌါနမှာ
အမည်ပေါက်သူအဖြစ် ရှိနေတော့ အခုလို မီးလောင်မြေပြင်အတွက် ( ၂၀-၅၀ )
အကွက်ချပေးမယ်ဆိုပြီး အကွက်ရိုက်တဲ့ အခါ မြေအကွက်ပေါင်း ( ၃၀ )
အကွက်ပေးကြရမှာဖြစ်ပါတယ် ။
ဒါပေမဲ့  အံ့သြစရာအကောင်းဆုံး မြေနေရာအကွက်ချပေးသူတွေက ဦးဗိုလ်ထွန်းကို
မြေ ( ၂၀-၅၀ )ကို ( ၃ ) ကွက်သာ ပေးပြီး ဦးဗိုလ်ထွန်းရဲ့ အလုပ်သမား
မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုး အမျိုးသမီး ဒေါ်မလှစိန်ကိုတော့ မြေကွက် (
၂၀-၅၀ ) နဲ့  အကွက် ( ၄ ) ကွက် ချပေးလိုက်တာပါဘဲ ။ ဒိပြင် တခြား
ကုလားလူမျိုးတွေကိုလဲ ဦးဗိုလ်ထွန်းရဲ့  မြေကွက်တွေနဲ့ 
အခြားရခိုင်လူမျိုးတွေရဲ့  မြေကွက်တွေကို ချပေးလိုက်ကြပါတော့ယ် ။
ဒီလိုမြေကွက်ရိုက်ချပေးတာကို လက်မခံလို့ ဆိုပြီး တရားစွဲဖို့  ပြုလုပ်ခဲ
့ပေမဲ့ ဗိုလ်ခင်ညွန့် တို့  လက်စောင်းထက်တဲ့ ထောက်လှမ်းရေး
စစ်အစိုးရလက်ထက်မှာမို့  လက်မှိုင်ချ နေခဲ့ ရပါတယ် ။ စစ်တွေမြို့ မှာ
ထောက်လှန်းရေး သိန်းထွန်းကို နေအိမ်တလုံးဝယ်ပေးထားပြီး မိန်းမပေးစားကာ
နွားသတ်လိုင်စင် ဦးခင်မောင်လှတို့ က ထောက်လှမ်းရေးတွေကို အိပ်ထဲ
ထည့်ထားကြတဲ့ အချိန်ဖြစ်နေတဲ့ တွက် အခုလို ရခိုင်လူမျိုးတွေပိုင်တဲ့ 
မြေကွက်တွေဟာ ကုလားနာမည်နဲ့  မြေကွက်တွေကို ချပေးခံလိုက်ရပါတယ် ။
၂၀၀၂-ခုနှစ် ဧပြီလ-၁၂-ရက်နေ့ မှာ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားရေးနဲ့ 
တည်ဆောက်ရေးရုံးခမ်းမမှာ ၉/၂၀၀၂ -အဆုံးအဖြတ်ချက်အရ မီးမလောင်ခင်မြေပုံနဲ့ 
မီးလောင်ပြီး အကွက်ချမြေပုံတွေကို စိစစ်ပြီး မူလမြေပိုင်ရှင်ကို
မြေပိုင်ရှင်အဖြစ် သတ်မှတ်ပြီး မြေကွက်ကို ပြန်လည်ပေးရမည် ဆိုပြီး
ဆုံးဖြတ်ချက် ချခဲ့ ကြပါတယ် ။ အဲဒီနေ့ က ဗိုလ်မှူးချုပ် ဘုန်းဆွေ က (
ဒကစမှူး ကိုယ်စား ) ပယကအနေနဲ့  ဆောင်ရွက်တာဖြစ်ပါတယ် ။
ဗိုလ်မှူးကြီးသိန်းကြိုင် ၊ ပြည်နယ်တရားသူကြီး ဦးမြတ်မင်း ၊
ပြည်နယ်ဥပဒေအရာရှိ ဦးရဲအောင်မြင့် ၊ ဒုဗိုလ်မှူးကြီး မျိုးတင့် ( ဥက္ကဋ္ဌ )
ခယက ၊ ဦးမောင်ကြည် -လက်ထေက်ညွှန်ကြားရေးမှူး မြေစာရင်းဦးစီးဋ္ဌါန တို့ က
အစည်းအဝေး ဆုံးဖြတ်ချက်ချတဲ့ နေ့ မှာ တာဝန်ရှိပုဂိုလ်များအဖြစ်
သတ်မှတ်ပေးကြတာဖြစ်ပါတယ် ။
ဒါပေမဲ့  လက်တွေ့ မှာတော့ ဘိုးဘွားပိုင်မြေပိုင်ရှင်ဖြစ်သူ
စက္ကူစက်ပိုင်ရှင် ဦးဗိုလ်ထွန်းဟာ သူ့ ရဲ့  အလုပ်သမား ကုလားမလောက်
မြေကွက်တောင် မရရှိခဲ့ ရပါဘူး ။ ဒီတော့ ဒါတွေဟာ စစ်အစိုးရရဲ့  လက်အောက်မှာ
ပြည်သူတွေ ခါးစည်းခံခဲ့ ရတဲ့  သဘောဖြစ်တယ်လို့  မှတ် ယူပြီး မိသားစု
ဘ၀ပျက်လောက်အောင်အထိ စီးပွါးရေးပျက်စီးကာ ရန်ကုန်ကို ပြောင်းရွှေ
့လုပ်ကိုင်စားသောက်ရပါတော့တယ် ။ အဲဒီကုလား-ရခိုင်အဓိကရုဏ်းကြောင့်ဘဲ
ဦးဗိုလ်ထွန်းဟာ -၅-ည နဲ့  အဖမ်းဆီးခံခဲ့ ရပြီး ထောင်-၆-လ ကျခံခဲ့ ရပါတယ် ။
မီးလောင်လို့  မိမိတို့  စီးပွါးရေး အဆောက်အဦတခုလုံး ပြာကျသွားတဲ့ အခါ
မီးမငြိမ်းသတ်နိုင်ဘဲ ထောင်ထဲကို ဖမ်းဆီးပို့ ပေးပြီး အပြစ်မဲ့  ခံခဲ
့ရတာကို ဗုဒ္ဒဘာသာတရားတော်အလိုအရ ကြည့်ရင် ကုသိုလ်ကံနည်းလို့ သာ မှတ် ယူခဲ
့ပါတယ် ။ ၁၉၈၈-ခုနှစ် ၈-လေးလုံးအရေးအခင်းကာလ စစ်တွေမြို့  ထောင်ခါတဲ
့အခါမှာလဲဘဲ ဦးဗိုလ်ထွန်းဟာ ထောင်ထဲမှာ -၅-ညနဲ့  အဖမ်းဆီးခံနေရလို့ 
အကျဉ်းသားများကို ဘေးမသီရန်ခရအောင် ထောင်တွင်းမှ ဆောင်ရွက်ပေးခဲ့ တဲ့ 
ပုဂိုလ်တဦးဖြစ်ပါတယ် ။
အခုတော့ မြန်မာနိုင်ငံတော်က ပြောင်းလဲ လာနေပြီ ဖြစ်တဲ့ အတွက် အခုအချိန်မှာ
ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒုတိယအကြိမ် မီးလောင်မြေ ဖြစ်နေတဲ့ 
စက်ရုံစု ရပ်ကွက် ( ယခင်နာဇီရပ်ကွက် ဈေး ) ကို သမ္မတဦးသိန်းစိန်က
နစ်နာသူများကို ပြန်လည်နေရာချထားပေးမယ်ဆိုတဲ့ သတင်းကြားရပါတယ် ။
ဒီသတင်းကြောင့် ဦးဗိုလ်ထွန်းက တကယ်မူလဘိုးဘွားပိုင် မြေပိုင်ရှင်ဖြစ်တဲ
့အတွက် စစ်အစိုးရရဲ့  လက်ထက်က ဆုံးရှုံးနစ်နာသွားခြင်းကို
တရားဥပဒေစိုးမိုးရေးအရ တရားဥပဒေနဲ့ အညီ ပြန်လည်စစ်ဆေးပြီး
မူလမြေပိုင်ရှင်ဖြစ်တဲ့  အတွက် အသနားခံစာ တစောင်ကို နိုင်ငံတော်
သမ္မတဦးသိန်းစိန်ထံ တင်ပို့ လိုက်ပြီလို့  သိရပါတယ် ။ စစ်အစိုးရလက်ထက်က
လုပ်ချင်ရာ လုပ်နေခဲ့ ကြတဲ့  အခုလို ပြသနာမျိုးစုံကို တရားဥပဒေအရ
နစ်နာသူများကို မနစ်နာရတော့အောင် ပြည်သူချစ်သော သမ္မတကြီး တဦးအနေနဲ့ 
သက်ညှာစွာ ဆောင်ရွက်ပေးစေလိမ့်လို့  ဦးဗိုလ်ထွန်းက ခံယူနေပါတယ် ။
ဦးဗိုလ်ထွန်းရဲ့ လိပ်စာက အမှတ် ( ၆ ) -၅-လွှာ-
သုဓမ္မာလမ်း-အထက်ကျောက်မြောင်းကြီးရပ်ကွက် -တာမွေမြို
့နယ်-ရန်ကုန်တိုင်းဒေသကြီး -လက်ကိုင်ဖုံး- ၀၉၈၅၂၂၃၅၀ -ဖြစ်ပါတယ် ။
ဦးဗိုလ်ထွန်းက မိအေးနှစ်ခါ နာသလို ပထမတကြိမ် မူလမြေပိုင်ရှင်ဘ၀ကနေပြီး
ဘ၀ပျက်သွားရသလို အခုတခါလဲဘဲ ဒီမိုကရေစီအစိုးရလက်ထက်မှာ မြေကွက်တွေကို
ကုလားလက်ထဲ ပေးခဲ့ ကြရင် ဒုတိယအကြိမ်အဖြစ် နာကြရပြီမို့ လို့  ပြောလာတဲ
့အတွက် ကြောင့်မို့  အချိန်မှီ သတိပေးလိုက်ရပါတယ် ။ ဒါကြောင့် -၂၀၀၂-
ခုနှစ်က ဒုတိယဗိုလ်မှူးကြီး ဘုန်းဆွေတို့  ဆုံးဖြတ်ချက်ကို
ပြန်လည်ပြုပြင်ပြီး မူလဘိုးဘွားပိုင် မြေပိုင်ရှင်သူဖြစ်သူတွေကိုသာ
အမြန်ဆုံး မနစ်နာရအောင် စိစစ်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း
တင်ပြလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
ဒေါင်းမာန်ဟုန်
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment