Friday, August 10, 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း စစ်ကိုင်းမြို့မှ ကျဆုံးသွားခဲ့ကြသူများအတွက် အောက်မေ့ဖွယ် အခမ်းအနား..

သတင်း၊ ဓာတ်ပုံများ စစ်ကိုင်းမြို့မှ ပြည်သူ့သတင်းထောက် ပေးပို့သည်

 ၁၉၈၈ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး စတင်ဖြစ်ပွား ခဲ့ပြီး နောက်တရက်ဖြစ်တဲ့ သြဂုတ်လ(၉)ရက်နေ့မှာတော့ စစ်ကိုင်းမြို့မှာ ရဲနှင့်စစ်တပ်က ဆန္ဒပြနေသော လူထုကို ပစ်ခတ်ခဲ့သဖြင့် ရာပေါင်းများစွာ ထိခိုက် ဒဏ်ရာရ ကျဆုံးခဲ့ကြရတာကို အောက်မေ့ အမှတ်ရ သိရှိကြမှာပါ..။ဒီကနေ့ ၉-၈-၂၀၁၂ ညနေ(၄)နာရီ က စစ်ကိုင်းမြို့ရှိ ကောင်းမှုတော် ဘုရားအတွင်းမှာ ၉-၈-၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ၌ ကျဆုံးခဲ့ရသော ရဟန်းရှင် လူပြည်သူအများအား အောက်မေ့ သတိရ ဆုတောင်းမေတ္တာ ပို့သခြင်း အထိမ်းအမှတ် အခမ်းအနားအား ပြုလုပ်ခဲ့ရာ စစ်ကိုင်းမြို့သူမြို့သား ဒီမိုကရေစီ ချစ်မြတ်နိုးသူများနှင့် ကျောင်းသားများအပြင် စစ်ကိုင်းမြို့ကို ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ ပါဝင်တက်ရောက်၍ မေတ္တာပို့ အမျှဝေပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်..။

ကောင်းမှုတော်ဘုရား ရင်ပြင်တော်ပေါ်တွင် စစ်ကိုင်းမြို့ခံလူထုနှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်..။ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များမှ စစ်ကိုင်းမြို့ ဒီမိုကရေစီ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော မြို့ခံနယ်ခံများနှင့် ကျဆုံးသွားခဲ့ကြသူများအား ချီးကျူးဂုဏ်ပြု စကားပြောကြားပြီး စစ်မှန်သော ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဆက်လက် ကြိုးစားဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
 

No comments:

Post a Comment

My Blog List