ဓါတ်သတ္တုအကြီးစားဖက်စပ်လုပ်ကိုင်နေသော ကုမ္မဏီ များကိုသာနိုင် ငံခြားမှကျွမ်းကျင် ပညာရှင်များခေါ်ယူခွင့်ပေးခြင်းသ ည် လူနည်းစု အကျိုးစီးပွားကိုသာဖြစ်ထွန်းစေ ပြီး နိုင်ငံအတွက်သတ္တုလုပ်ငန်းရှင်အများအပြားပေါ်ထွန်းရေးကိုပိတ်ဆို့ ထားသကဲ့သို့ဖြစ်နေသည်ဟု သတ
္တုနှင့်သယံ ဇာတရေးရာကော်မတီ မှသိရသည်။
သတ္တုတွင်းဝန်ကြီးဌာန၊အမှတ်(၂)သတ္တုတွင်းလုပ်ငန်းရုံးချုပ်နေပြည် တော်၏၂၇.၄.၂၀၁၂ စာအမှတ် ၁၆၄၉/အခစ/အစ-၄/ပညာရှင်/ ၂၀၁၂အရ “နိုင်ငံခြားသားပညာရှင်များခေါ်ယူရာတွင် ဓါတ်သတ္တုအကြီးစားဖက်စပ် လုပ်ကိုင်နေသည့်ကုမ္မဏီများကိုသာ ခွင့်ပြုပြီးအသေးစားဖက်စပ်လုပ်ကိုင်နေသည့်ကုမ္မဏီများအတွက်ခွင့် မပြု”ဟူ၍ ထုပ်ပြန်လိုက်ခြင်းကြောင့် နိုင်ငံသူနိုင်ငံသားများ၊တိုင်း ရင်းသားလုပ်ငန်းရှင်ငယ်များ၊အကျိုးစီးပွားဖြစ်ထွန်းမှုကိုဟန့်တားသကဲ့သို့ဖြစ်နေကြောင်း၊ပြည်သူများငွေရင်းငွေနှီးအားနည်းချိန်၊ လုပ်ငန်းအတွေ့အကြုံမရှိသေးချိန် ၊နည်းပညာပိုင်းဆိုင်ရာနိမ့်ပါးေ နချိန်တွင် အကြီးစားလုပ်ငန်းများကိုသာလုပ်ကိုင်စေခြင်းမဖြစ်သင့်ကြောင်း
သတ္တုတုးဖော်ခြင်းလုပ်ငန်းများကိုပြည်သူအများအပြားလုပ်ကိုင်လာနိုင်စေရန် အတွက်အသေးစားလုပ်ငန်းများ များများမွေးဖွားပေးရန်လိုအပ်ပြီး နိုင် ငံခြားမှတူးဖော်ရေးနည်းပညာအသေးစားစက်ရုံများ၊ထုတ်လုပ်သုများကိုဖိတ်ခေါ်စေသင့်ကြောင်း၊ငှားရမ်း ခွင့်ပြုသင့်ကြောင်း၊ရင်းနှီးေ ပါင်းစပ်လုပ် ကိုင်စေသင့်ကြောင်း၊ထိုအသေးစားလုပ်ငန်းများမှ တိုင်းရင်းသား လုပ်ငန်းရှင်များအတွေ့အကြုံများ ရရှိကာ နည်းပညာတိုးတက်ခေတ် မှီလာပြီင်္း အင်အားများရရှိလာကာ အလတ်စား၊အကြီးစားလုပ်ငန်းများအြ ဖစ် တက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ပြ ည်သူများအနေဖြင့်လည်း လုပ်ငန်းတိုး ၀င်ငွေတိုးကာနိုင်ငံတော်တွင်လည်း ဘဏ္ဍာငွေပိုမိုရရှိလာ မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သတ္တုအမျိုးပေါင်း(၄၀)ကိုတိုင်း နှင့်ပြည်နယ် ၁၃ခုတို့တွင် ပမာဏမြောက်များစွာဖြင့် တွေ့ရှိနိုင်ကြောင်း ထပ်လောင်း သိရသည်။
စွမ်းရဲထွဋ်
သတ္တုတွင်းဝန်ကြီးဌာန၊အမှတ်(၂)သတ
သတ္တုတုးဖော်ခြင်းလုပ်ငန်းများက
စွမ်းရဲထွဋ်
No comments:
Post a Comment