ကချင်ပြည်နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် အခြေချနေထိုင်သူ အများစုဟာ တရုတ် လူမျိုးတွေဖြစ်ပြီး၊ အခုဆိုရင် တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ် လူ မျိုးေ တွ ထာင်နဲ့ချီ ရှိနပြီလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ လတ်တလော ကချင်ပြည်နယ်အတွင်း နယ်မြေမလုံခြုံမှုကြောင့် တရားမ၀င် ခိုးဝင်နေထိုင်သူတွေကို ကြပ်ကြပ် မတ်မတ်ဖော်ထုတ် စစ်ဆေးအရေး ယူဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့ အတွက် အနီးစပ်ဆုံးသာ ခန့်မှန်းပြောဆိုရတာ ဖြစ်တယ်လို့ အဲ့ဒီဋ္ဌာနရဲ့ ညွန်ကြားရေးမှူး ဦးကြည်လင်က အခုလ (၄) ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသ
ဒီလိုဆောင်ရွက်ရာမှာ ယခုနှစ်ဇန်နဝါရီ ၁ရက်ကနေဇူလိုင် ၃၁ရက်နေ့အထိနယ်စပ်ဖြတ်ကျော်ပြီး
တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့
ကချင်ပြည်နယ်အတွင်းFRC နိုင်ငံခြားသားလက်မှတ်ကိုင်ဆောင
်ပြီးနေထိုင်သူ သုံးထောင်ကျော်ရှိပြီး၊ အဲဒိထဲမှာ တရုတ်နိုင်ငံသားက ၂ ထောင့် ၈ ရာ ကျော်တယ်လို့လည်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
No comments:
Post a Comment