Tuesday, August 07, 2012

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား


From - Mizzima 
 
ရန်ကုန် (မဇ္ဈိမ) ။        ။ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာ များ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှု မရဘဲ  ဖြစ်သွားခဲ့ရသည် ။မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင်တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ်လိုက်တယ်… မူဆလင်များကို ဆက်လက်
သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာက ဗုဒ္ဓဘာသာဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်…
သင်တို့နိုင်ငံ ငရဲတွင်း ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော www.planet.com.mm ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများ ရပ်ပါ” နှင့် “မူဆလင် ဘာသာဝင်များကို ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ အားလုံးကို ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်
ဆက်စက် ဖတ်ရှု့ရန်   -

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း

အထူးသတင်း

 မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ပြသနာအတွင်း မွတ်စလင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် မွတ်စလင်ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တကမ္ဘာလုံးရှိ မွတ်စလင် hacker  များ ပူးပေါင်း ကာ မြန်မာပြည်အား DDos  နည်းပညာဖြင့် သြဂုတ်လ (၆) ရက်နေ့တွင် Cyber Attack ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။   မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် အဆိုပါ DDos နည်းပညာဖြင့်  တိုက်ခိုက်ခံရဖူးပါသည်။ ထိုအချိန်က တစ်နိုင်ငံလုံးတွင် အင်တာနက် အသုံးမပြုနိုင်ဘဲ ဖြစ်သွားပါသည်။  အဆိုပါ Hacker အဖွဲ့တွင် Egyption Hacker Group က ဦးဆောင်ပြီး တမ္ဘာလုံးရှိ မွတ်စလင် Hacker များ ပူးပေါင်းပါဝင်မည်ဟု သိရသည်။ အဆိုပါ အဖွဲ့ အသုံးပြုမည့် Tool  မှာ HOIC( High Orbit Ion canon)  ဖြစ်ပါသည်။  အဆိုပါ  cyber attack Tool သည် သာမန် အင်တာနက် အသုံးပြုသူများပင် လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း သိရသည်။ ရခိုင်ပြသနာနှင့် ပတ်သတ်ပြီး မွတ်စလင် ဘာသာဝင်များကို ဖိနှိပ်နေသည်ဟုသောသတင်းမှားများကို  ယုံကြည်နေသော သူများက တိုက်ခိုက်မှု့ကို ၀င်ရောက်စစ်ကူပေးနိုင်ပါသည်။မြန်မာပြည်၏ Network  Infrasturcture အား တိုက်ခိုက်လာပါက တစ်နိုင်ငံလုံး အင်တာနက် သုံးမရခြင်းမျိုးထိ ဖြစ်သွားနိုင်ပါသည်။။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား  သတင်းမှားတွေ မဟုတ်မှန်ကြောင်း  တုံပြန် ပေးကြပါ။

( သတိပေးပါတယ်။ တစ်နိုင်ငံလုံး အင်တာနက်တွေ ကျ သွားနိုင်တယ်။ စီးပွားရေး အရ ဆုံးရှုံးမှု့တွေ ဖြစ်လာနိုင်ပါတယ်။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား  သတင်းမှားတွေ မဟုတ်မှန်ကြောင်း  တုံပြန် ပေးကြပါ။ကာကွယ်နိုင်မည့် နည်းပညာများ နှင့် စက်ပစ္စည်းများအကြောင်း ကို  သိတဲ့ သူများ ဆွေးနွေးပေးကြပါ။)

No comments:

Post a Comment

My Blog List