Tuesday, August 07, 2012

တောင်းဆိုချက် ၃ ချက်ဖြင့် သမ္မတထံသို့ ခွန်ထွန်းဦးမှ တောင်းဆိုခဲ့



Monday, 06 August 2012 21:12 သျှမ်းသံတော်ဆင့်
E-mailPrint
တိုင်းရင်းသားအားလုံးအတွက် အစိုးရကျောင်းချိန်အတွင်း မိမိဘာသာစာပေသင်ကြားခွင့်ရနိုင်ရေးအပါအဝင် တောင်းဆို ချက် ၃ ရပ်အား သမ္မတကြီးနှင့်တွေ့ဆုံစဉ် သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးက တောင်းဆိုခဲ့သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

14_party_meet_with_president
သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီတွေ့ဆုံစဉ် (ဓါတ်ပုံ- Myanmar President Office) 

သျှမ်းတမျိုးတည်းအတွက်မဟုတ်ဘူး။ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးအတွက် တောင်းဆိုတယ်။ မိမိဘာသာစာပေကို အစိုးရကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ရရှိရေးအတွက်ပေါ့။ အဲဒါအပြင် ဒေသခံလူထုရဲ့ သန်းခေါင်စာရင်းကို အစိုးရ ကကောက်ယူရာမှာ စနစ်တကျနဲ့ သေသေချာချာစစ်ဆေးပေးဖို့။ နောက်တချက်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ပေါ် လာအောင် အစိုးရဘက်ကနေဆောင်ရွက်ပေးဖို့ဆိုတဲ့အချက် ၃ ချက် တင်ပြခဲ့ရပါတယ် ဟု SNLD ပါတီပြောခွင့်ရ စိုင်းလိတ် က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
ယခုလ ၄ ရက်နေ့က နေပြည်တော်၌ သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီတွေ့ဆုံခွင့်ရရှိခဲ့ရာ  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် နှင့် ဒုတိယခေါင်းဆောင်တို့ ပါဝင်ခဲ့သည်။

ပထမဆုံးအချက်ဖြစ်သော သန်းခေါင်စာရင်းကောက်ယူသည့်ကိစ္စ၌ ခွန်ထွန်းဦးက - မိမိတို့မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံကြား တည်ရှိရာ မိမိတို့နိုင်ငံအတွင်း အိမ်နီးနားချင်းနိုင်ငံမှလူမျိုးများက တဖြည်းဖြည်းစိမ့်ဝင်လာမှု ကြောင့်တကြောင်း၊ ဒေသတွင်းမတည်ငြိမ်မှု၊ စားဝတ်နေရေးပုံမှန်လည်ပတ်နိုင်မှုအတွက်ဖြေရှင်း ရန် အိမ်နီးနားချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေမှုတို့ကြောင့်တကြောင်း ဒေသခံများသန်းခေါင်စာရင်း၌မပါ၍ ဧည့်သည် က သန်းခေါင်စာရင်း၌ပါသွားမည်ကို စိုးရိမ်နေကြကြောင်း၊ အဘယ်ကြောင့်ဆိုသော် သန်းခေါင်စာရင်းသည် နိုင်ငံတော်တိုး တက် မှုအတွက်အဓိကအရေးပါသည့် အချက်တခုဖြစ်ကြောင်း- တင်ပြခဲ့သည်။

၎င်းနှင့်ပတ်သက်၍ သမ္မတကြီးက မြန်မာနိုင်ငံသား ၃ သန်းခန့် အနက် သျှမ်းလူမျိုး ၃ သိန်းဝန်းကျင်မှာ တခြားသော ပြည်ပ နိုင်ငံသို့ ခိုလှုံနေသည့် စာရင်းအတိအကျ မိမိတို့၌ရှိကြောင်း ဖြေကြားခဲ့သည်ဟုဆို၏။

ငြိမ်းချမ်းရေးအတွက်မူ သန်း ၆၀ သော ပြည်သူလူထု၏မျှော်လင့်ချက်ဖြစ်သည့် ပြည်တွင်းစစ်ရပ်တန့်ရေး အောင်မြင်ပြီ ဟု ဆိုနိုင်သော်လည်း ထာ၀ရငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ စိတ်ရှည်သည်းခံဖို့လိုကြောင်း၊ အဓိက အချင်းချင်းယုံကြည်မှုရှိဖို့လိုအပ် ကြောင်း၊ ခွန်ထွန်းဦးတို့ တင်ပြသည့်အတိုင်း သျှမ်းပြည်အရှေ့ပိုင်း၌ တရုတ်စကားပြောသည့် လက်နက်ကိုင်အဖွဲ့လှုပ်ရှား နေခြင်း၊ ဆိုင်းဘုတ်အများစုမှာ မြန်မာစာမဟုတ်ခြင်း စသည်တို့မှာလည်း အစိုးရအနေဖြင့် ကြားသိရကြောင်း၊ ထို့အတွက် တိုင်းရင်းသား၊ နိုင်ငံရေးပါတီများ၏ လက်တွဲပူးပေါင်းမှုကိုလည်း ဖိတ်ခေါ်ကြိုဆိုကြောင်း သမ္မတကဖြေကြားခဲ့သည်ဟု ဆို၏။

တိုင်းရင်းသားစာပေနဲ့ပတ်သက်တဲ့ တောင်းဆိုချက်ကိုတော့ သမ္မတကြီးက မဖြစ်နိုင်ဘူးလို့ပြောတယ်။ မိမိပြည်နယ် အတွင်းက တိုင်းရင်းသားအချင်းချင်း ဘယ်ဘာသာစာပေကို အစိုးရကျောင်းမှာ သင်မယ် ဆိုတာ ဆွေးနွေးညှိနှိုင်း သဘော တူညီမှုရပြီးမှသာ - သက်ဆိုင်ရာ ပြည်နယ် ဆရာ၊ ဆရာမများနဲ့ ညှိနှိုင်းပြီးဆောင်ရွက်သွားနိုင်တယ် လို့ ဖြေတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အစိုးရကို အားကိုးနေလို့မဖြစ်တော့ဘူး။ တိုင်းရင်းသား တွေ ကိုယ့်ဖာသာကိုယ် ထလုပ်မှဘဲ ရတော့မယ်ဆိုတဲ့အနေအထားမှာ ရှိပါတယ် - ဟု စိုင်းလိတ်က ပြောပြသည်။

သို့သော် ဖွဲ့စည်းပုံတွင်မူ ပြည်ထောင်စုမပြိုကွဲရေးကို ထိခိုက်မှုမရှိပါက တိုင်းရင်းသားဘာသာစာပေယဉ်ကျေးမှုသင်တန်းကို လွတ်လွတ်လပ်လပ်လုပ်နိုင်ကြောင်း လည်းဖော်ပြထားသည်။

တိုင်းရင်းသားရပိုင်ခွင့်ကာကွယ်ပေးသည့်ဥပဒေနှင့်ပတ်သက်၍ စိုင်းလိတ်က
ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားအခွင့် အရေးဆုံးရှုံးမှုကိုကြည့်မယ်ဆိုရင် လွတ်လပ်ရေးအတူတကွ ရယူပြီးတဲ့အချိန်ကတည်းက ဆုံးရှုံးနေခဲ့တာပါ။ ဗမာတကျပ် သျှမ်းတကျပ်လို့တာပြောတယ်။ တိုင်းရင်းသားတွေဘယ်တော့မှ မရဘူး။ ၄၇ ဖွဲ့စည်းပုံ၊ ၇၄ ၊ ၂၀၀၈ ဖွဲ့စည်းပုံတွေမှာလဲ တိုင်းရင်းသားတွေအတွက် တကျပ် အပြည့်အ၀ မရှိတာကိုတွေ့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာဆိုပိုဆိုးတယ်။ ဟု ပြောပါသည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုဉက္ကဌ် ဦးအောင်မင်းက စီစဉ်ပေးသည်ဟုဆိုသော အဆိုပါတွေ့ဆုံ ပွဲကို
  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသား နိုင်ငံရေး မဟာမိတ်၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ မြန်မာ အမျိုးသား ကွန်ဂရက် စသည့် ၁၄ ပါတီမှ တက်ရောက်ခဲ့ကြ ကြောင်း၊ မြန်မာအစိုးရဖက်မှ သမ္မတကြီးအပါအဝင် ဦးအောင်မင်း၊ ဦးစိုးသိမ်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ တက်ရောက်ကြောင်း ကော့လီမီဒီယာ၌ဖော်ပြထားသည်။

No comments:

Post a Comment

My Blog List