ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော်
မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က
မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင် တိုင်း ရင်း သားတွေအကြား မနေ့က
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး
ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ
သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ်
ရွာတစ်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးက
RFA ကိုပြောပါတယ်။ "နောက်ဆုံး အခြေအနေက ဒီနေ့နေ့လည် ၁၁ နာရီမှာ
ကျွန်တော်တို့ ရွာညာရွာဆိုတာ အိမ်ခြေ ၁၁၀၊ ၁၃၀ လောက်ပဲ ရှိတဲ့ ရွာပါ။
ရွာသေးသေးလေးပါပဲ။ ဒါပေမဲ့ သူ့ပတ်ခြာလည်မှာတော့ ရခိုင်ရွာတွေပေါ့နော်။
အဲဒီရွာကို နေ့လည် ၁၁ နာရီမှာ မီးရှို့တယ်ဗျ။ မီးရှို့တော့ အခု ၁
နာရီခွဲလောက်မှာ အကုန်လုံး တစ်အိမ်မှမကျန် အကုန်လုံးပါသွားခင်ဗျ။
အားလုံးကလည်း ကစဥ့်ကလျားနဲ့ သွေးပျက်ပြီး ထွက်ပြေးနေရတဲ့ အချိန်ဆိုတော့
ကျွန်တော်တို့ တိတိကျကျတော့ မသိရသေးဘူးဗျ။ ဒါပေမဲ့ ဖြစ်ဖြစ်ခြင်း
အပေါက်ဝဆိုတဲ့ မြို့မှာ၊ အပေါက်ဝဆိုတာ ဒါဒုတိယအကြိမ် မီးရှို့ခံရတာပါ။
ပထမတစ်ကြိမ်က ၁၅ ရက် ၆ လမှာ တစ်ကြိမ်လောင်ပြီးတော့ ၄၆ အိမ် ပါပြီးပြီ။
ဒုတိယတစ်ကြိမ် ထပ်လောင်တာက အဲဒီမှာ အိမ် ၅၀ ကျော်ပါတယ် ပြောတယ်
ထပ်ပြီးတော့၊ နောက်ထပ် အဲဒီမှာ လူ ၄ ယောက်သေတယ် ပြောပါတယ်ဗျ။ အမျိုးသား ၃
ယောက်၊ အမျိုးသမီး ၁ ယောက်" ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ
မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရသူ (၂) ဦးရှိပြီး အသေအပျောက်
စာရင်းကို မရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး
တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။ "ကျောက်တော်မြို့နယ် အခု
ဖြစ်တာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ဘယ်သူရှို့တယ်ဆိုတာ
စုံစမ်းတုန်းရှိနေသေးတယ်။ အသေအပျောက်တော့ မကြားသေးဘူးခင်ဗျ။ ဒဏ်ရာရတာတော့
ကြားတယ်ခင်ဗျ။ အတိအကျတော့ ကျွန်တော်တော့ မသိသေးဘူး။ အဲဒီမှာ မီးရှို့တာ
ဘယ်သူရှို့မှန်းကို မသိသေးဘူး ဖြစ်နေတယ်အခုက၊ ရခိုင်အိမ်တွေရော၊
ကုလားအိမ်တွေရော ဆိုတော့လေ။ ကျွန်တော်တို့ အခုသိရတာက ဒဏ်ရာရတာ
နှစ်ယောက်လို့ ကြားပါတယ်" ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့
ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေ
ပိုပြီးလိုအပ်လာတယ်လို့ ပြောပါတယ်။ "တချို့ကဏ္ဍတွေမှာက ပြည်နယ်အစိုးရရဲ့
လုပ်ပိုင်ခွင့်က ရှိတယ်လို့ မတွေ့ရဘူး။ အပေါ်ကပဲ အဲလိုမျိုး ဆင်းလာတယ်။
ဒီပြည်နယ်မှာ ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေ အတိုင်းအတာကို ပြည်နယ်အစိုးရက
အများသိပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်က လုပ်ချင်တဲ့ကဏ္ဍတွေ၊
ဖြစ်ချင်တဲ့ကဏ္ဍတွေပေါ့၊ လုပ်ပိုင်ခွင့်မရဘဲ အဲဒီအပေါ်လို့ခေါ်တဲ့
ပြည်ထောင်စုဝန်ကြီးတွေက လာတယ်။ ဒု ဝန်ကြီးတွေက လာတယ်။ အဲတာတွေ command
ပေးတဲ့ အောက်မှာပဲ လုပ်နေရတဲ့ သဘောမျိုးဆိုတော့ အဲတာ တိုင်ပင်မှုကဏ္ဍတွေက
ဒီဘက်က အခြေအနေတွေကို အမှန်တကယ် အောက်ခြေအထိ လေ့လာမှုမရှိပဲ အပေါ်ကပဲ command
ပေးနေတဲ့ ကဏ္ဍတွေမှာ အဲဒီလိုမျိုး ဖြစ်လာတဲ့ အတိုင်းအတာမှာ အဓိကရုဏ်းက
ပြီးသွားမှာ မဟုတ်ဘူး။ တခြားမြို့ တွေကိုလည်း ကူးဆက်သွားမဲ့
အတိုင်းအတာမျိုးကိုတော့ မြင်နေရတယ်" ကျောက်တော်မြို့နယ် အပေါက်ဝ၊
ဂုတ်ဘီထောင့်၊ ရွှေလှိုင်နဲ့ တောင်ပေါက် စတဲ့ကျေးရွာတွေမှာ မနေ့က သြဂုတ်လ (၅)
ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ
ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန်
နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့
ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဂျင်ကလိတွေ၊ လေးဂွတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပေါ်ရာကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က နေ့လည်
(၁) နာရီခန့်မှာ အဲဒီလို နေအိမ်မီးရှို့မှုတွေကြောင့် အိမ်ခြေ (၁၀၀)
ခန့်ရှိတဲ့ ကျောက်တော်မြို့နယ် ဂုတ်ဘီထောင် ကျေးရွာမှာလည်း နေအိမ် (၅၃)
လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံး သွားတယ်လို့ ဂုတ်ဘီထောင် ကျေးရွာသား
တစ်ဦးဖြစ်သူ ကိုမျိုးထွန်းလှိုင်က RFA ကိုပြောပါတယ်။ ဒါ့အပြင် မနေ့က
နေ့လည် (၂) နာရီခန့်အချိန်က အိမ်ခြေ (၁၀၀၀) ကျော်ခန့်ရှိတဲ့ အပေါက်ဝ
ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီနေအိမ် (၂၅) အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး
ရွှေလှိုင်ကျေးရွာမှာ အိမ်ခြေ (၁၀၆) လုံးခန့် မီးလောင်
ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အခုလို ဒေသခံ
ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ ပဋိပက္ခတွေ အပြန်အလှန်
ဖြစ်ပွားနေတဲ့အချိန်မှာ အပေါက်ဝကျေးရွာမှာတော့ အာဏာပိုင်တွေနဲ့ စစ်တပ်က
အချိန်မီ ထိန်းသိမ်းခဲ့ပေမယ့် ဂုတ်ဘီထောင် ကျေးရွာမှာတော့ အာဏာပိုင်တွေက
အခင်းဖြစ်ပြီး (၃) နာရီလောက်အကွာမှာ ရောက်ရှိလာတဲ့အတွက် မီးလောင်ဆုံးရှုံးမှု
ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ ကျောက်တော်မြို့မှာ
အခြေအနေတွေ တင်းမာလျက်ရှိနေပြီး လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားတယ်လို့
သိရပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment