Wednesday, August 08, 2012

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက် ဟက်ခံရမှု ပြန်လည် ရရှိ



ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/၀က်ဘ်ဆိုက်အား ပြင်ပ ဟက် ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍၀င်ရောက်ကြည့်ရှုမရခဲ့ရာ ယခု ပြန် လည်ရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းနှင့်ပတ်သတ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက "ဟုတ်ပါတယ်။ ဒီနေ့ မနက်ကတည်းက server down သွားတာ လောလောဆယ် server ထိုင်ထားတဲ့ teleport ကစစ်နေတုန်းပဲ။ ဘာမှ report မရသေးပါဘူး "ဟု ဆိုသည်။
အဆိုပါဝက်ဘ်ဆိုက်မှာ ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် MTG ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေး ထား ခြင်းဖြစ် ပြီး၊ လက်ရှိအချိန်တွင် ဆိုက်အတွင်းသို့ ပုံမှန်ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ယခု အခြေအနေသည် တိုက်ခိုက်ခံထားရသည်ဟု ဆိုနိုင်သော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံမှ တိုက် ခိုက်လျက်ရှိသည်ကိုမသိရှိရသေးကြောင်း၎င်းကပြောသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သည်လည်း တိုက် ခိုက်မှုတစ်ခုကြုံတွေ့ခဲ့ရပြီး၊ ၄င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဓာတ်ပုံအပြောင်းအလဲ ပြုလုပ်ခြင်း၊ စာသားများ ရေးသား ထည့်သွင်းခြင်းများပြုလုပ်သွားခဲ့သည်။

ယနေ့ နံနက်(သြဂုတ် ၇ ရက်)က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည့် ဟက်ကာ စာမျက်နှာတစ်ခုတွင် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့ တိုက်ခိုက်မည့်ဝက်ဘ်ဆိုက်များ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းကြေညာချက်တွင် ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များအပါအ၀င် .mm ဖြင့် ဒိုမိန်းရယူထားသည့် ၀က်ဘ်ဆိုက်များ ပါဝင်လျက်ရှိသည်။

No comments:

Post a Comment

My Blog List