ဗီယင်နာ သဘော တူ ညီ မှု အရ လက် မှတ် ထိုး ထားသော နို င် ငံ တိုင်းသည် ထိုတိုင်းပြည် အတွင်းရှိ သံရုံးအတွင်းသို့ ဝင်ရောက် ခွင့်မရှိ။ ထို့ပြင် မည်သည့် အခြေအနေတွင် မဆို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ်၃၁)
Article 31. The host nation may not enter the consular premises, and
must protect the premises from intrusion or damage.(Vienna Convention on
Consular Relations)
"တိုင်းပြည် တစ်ပြည်သည် သူ့နိုင်ငံ အခြေစိုက် သံရုံးကို ကာကွယ်ပေးရန် တာဝန်ရှိသည်။ ယနေ့တွင် အီဂျစ်ရှိမြန်မာသံရုံး အလံအား ဖြုတ်ချကာ
မီးတင်ရှို့ခဲ့သည်။ ထိုသို့သော အရေးအခင်းသည်လည်း အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ အီရန်တွင် ဖြစ်သည်မှာ ဗြိတိသျှ သံရုံးအား ဝင်ရောက် စီးနင်းကာ ဗြိတိန် ဘုရင်မပုံကို မီးနှင့်ရှို့၍ ဗြိတိန် အလံအား ဆုတ်ဖြဲ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စအတွက် ဗြိတိန် အစိုးရက အီရန်မှ တာဝန်ရှိ သူများ အာားလုံးကို 48 နာရီအတွင်းဗြိတိန်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။ ထိုကဲ့သို့ ပြတ်သားသော အရေးယူမှုမျိုး မလုပ်နိုင်ပါက မြန်မာ့သိက္ခာသည် ကမ္ဘာ့အလယ်တွင် ထားဖွယ် မမြင်တော့ချေ။ အီဂျစ်သံရုံး လိပ်စာမှာ အမှတ်(၈၁) ပြည်ထောင်စု ရိပ်သာလမ်း၊ ရန်ကုန်မြို့ဖုန်း-(00951)222886 - 222887 - Dir 222296 ဖြစ်သည်။ မြန်မာ အစိုးရအဖွဲ့ ကိုယ့်သံတမန်ထိုကဲ့သို့ အစော်ကား ခံရသည်ကို မည်ကဲ့သို့ တုန့်ပြန် မည်နည်းဟု စောင့်ကြည့် နေပါသည်။

No comments:
Post a Comment