Monday, August 06, 2012

ကူတောင် လူသတ်မှုနှင့်ပတ်သက်သည့်သူ ၁၇၀ဦးကို ဖမ်းဆီးစစ်ဆေးနေ

From Yangon Media Group
ကျော်မြတ်ဇံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကိုဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။
''အကြမ်းဖက်မှုနဲ့ပက်သက်တဲ့သူ မှန်သမျှကိုရုံးတင်စစ်ဆေးနေတယ်။ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်။ စစ်တွေနဲ့မောင်တော အကြမ်းဖက်မှုမှာ ပါဝင်ပက်သက်တဲ့ သူတွေကို လည်း တက်နိုင် သမျှ စုံစမ်း ဖော်ထုတ် ထားပြီးပြီ။ တချို့ ကိုပြစ်ဒဏ်ချမှတ် ထားပြီးသား ဖြစ်သလိုတချို့ ကိုလည်း ဆက်လက် စစ်ဆေး နေပါ တယ်။ ပြည်သူတွေအနေနဲ့ လည်းအကြမ်းဖက်မှုမှာ ပါဝင်တဲ့ သူတွေ ကို သက်ဆိုင်ရာ တာဝန် ရှိသူတွေနဲ့ပေါင်းပြီးဖော်ထုတ်ဖို့လို ပါတယ်။''ဟုအဆိုပါတာဝန်ရှိသူက ဆက်လက် ပြောသည်။
ယခုအခါရခိုင်ပဋိပက္ခ အကြမ်းဖက်မှု များတွင် ပါဝင်ခဲ့ကြသူများ ကိုတရား ဥပဒေအရအပြစ်ပေး နိုင်ရန် မျက်မြင် သက်သေများနှင့် စတင်ကာစစ်ဆေးနေ ပြီဖြစ်ကြောင်းသိရသည်။
'ကျွန်တော့်က မောင်တော အလိုတော် ပြည့်ကျောင်း မှာနေတာ။ ကျွန်တော့်ကို အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့တာ ဘယ်သူတွေလဲ သက်ဆိုင်ရာ ကမေးတယ်။ ကျွန်တော်မြင်ခဲ့ကြားခဲ့ တာတွေကို အကုန် ပြောတယ်။ အကြမ်းဖက်မှုမှာ ပါတဲ့ သူတွေကိုမှတ်မိသမျှ ကျွန်တော်ပြောတယ်။''ဟုမောင်တော အလိုတော် ပြည့်ကျောင်း တိုက်မှ ရခိုင်အမျိုးသား တစ်ဦးကပြောသည်။
မောင်တောမြို့နယ် မောရဝတီ ကျေးရွာတွင်လည်း ရခိုင်အမျိုးသား တစ်ဦးက အကြမ်းဖက်မှုတွင်ပါဝင် ခဲ့ သည့်လူမျိုးခြား ၇၄ ဦးကိုစာရင်းပြု စုကာသက်ဆိုင်ရာသို့တင်ပြနိုင်ရန်စီ စဉ်နေကြောင်းသိရသည်။

No comments:

Post a Comment

My Blog List