စွမ်းက ရန်ကုန်မှာ “ချစ်သက်လျာ အလန်းလေး” ဆိုတဲ့ ဟာသဖန်စီ ဇာတ်ကားကို
ခိုင်သင်းကြည်နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်ကူးပြီး မြစ်သားမြို့မှာ
အငြိမ့် ကခဲ့ ပြီး နယ်လှည့် ဖျော်ဖြေမှာဖြစ်တဲ့အတွက် ၁လကြာမှာဖြစ်ကြောင်း
သိရပါတယ်။ မွေးနေ့ကို မြစ်သားမြို့မှာကျင်းပပြီး
ဇာတ်အဖွဲ့သားတွေကို
ပျော်စရာ ကောင်း အောင် မွေးနေ့ မှာ ဗလာမပါ မဲဖောက်ပေးခဲ့ပြီး ဖုန်းတွေ၊
လက်စွပ်တွေလည်း ပါဝင်ပါတယ်။ မွေးနေ့မှာ ကောင်းမှု ကုသိုလ်တစ်ခုခုလုပ်ပြီး
အဖွဲ့သားတွေနဲ့ ပျော်ရတာ အကြိုက် ဆုံး ပဲဖြစ်ကြောင်း စွမ်းက ပြောပါတယ်။
စွမ်းက ဒီနှစ်တောင်ပြုန်းပွဲတော်မှာ ဖျော်ဖြေမှာဖြစ်ပြီး ကိုယ်ပိုင်တည်ထောင်တဲ့ဇာတ်နဲ့ ပထမဦးဆုံးကပြဖျော် ဖြေမှာဖြစ်ပါတယ်။

No comments:
Post a Comment