ရန်ကုန်၊ သြဂုတ် - ၇
ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့်
http://ministryofinformation.gov.mm/
ဝက်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍
ဝင်ရောက်ကြည့်ရှုမရတော့ကြောင်းသတင်းရရှိသည်။
မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင်တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး
အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ်လိုက်တယ်…
မူဆလင်များကို ဆက်လက် သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာက
ဗုဒ္ဓဘာသာဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်… သင်တို့နိုင်ငံ ငရဲတွင်း
ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။
အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော
www.planet.com.mm
ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က
ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများ ရပ်ပါ” နှင့် “မူဆလင်
ဘာသာဝင်များကို ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ
အားလုံးကို ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်။
ယင်းနှင့်ပတ်သတ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက
"ဟုတ်ပါတယ်။ ဒီနေ့ မနက်ကတည်းက server down သွားတာ လောလောဆယ် server
ထိုင်ထားတဲ့ teleport ကစစ်နေတုန်းပဲ။ ဘာမှ report မရသေးပါဘူး "ဟုဆိုသည်။
အဆိုပါဝက်ဘ်ဆိုက်မှာ ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် MTG ကုမ္ပဏီမှ
တာဝန်ယူဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ဆိုက်အတွင်းသို့
ပုံမှန်ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ယခု အခြေအနေသည် တိုက်ခိုက်ခံထားရသည်ဟု ဆိုနိုင်သော်လည်း မည်သည့်အဖွဲ့အစည်း၊
မည်သည့်နိုင်ငံမှ တိုက်ခိုက်လျက်ရှိသည်ကို မသိရှိရသေးကြောင်း
၎င်းကပြောသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏
ဖေ့စ်ဘွတ်ခ်စာမျက်နှာ သည်လည်း တိုက်ခိုက်မှုတစ်ခုကြုံတွေ့ခဲ့ရပြီး၊
၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဓာတ်ပုံအပြောင်းအလဲ ပြုလုပ်ခြင်း၊
စာသားများ ရေးသားထည့်သွင်းခြင်းများ ပြုလုပ်သွားခဲ့သည်။
ယနေ့ နံနက်(သြဂုတ် ၇ ရက်)က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည့် ဟက်ကာ
စာမျက်နှာတစ်ခုတွင် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့
တိုက်ခိုက်မည့်ဝက်ဘ်ဆိုက်များ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး၊
ယင်းကြေညာချက်တွင် ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များအပါအ၀င်
.mm ဖြင့် ဒိုမိန်းရယူထားသည့် ၀က်ဘ်ဆိုက်များ ပါဝင်လျက်ရှိသည်။
No comments:
Post a Comment