Monday, August 06, 2012

ကေအိုင်အေမှ ဒရုခ တံတားအား မိုင်းထောင်ဖောက်ခွဲ


သြဂုတ် ၆
ကချင်ပြည်နယ် ၊ ဆွမ်ပရာဘွမ်မြို့နယ်မှာရှိတဲ့      မြစ်ကြီးနား-ဆွမ်ပရာဘွမ်သွားကားလမ်းကို ကေ အိုင်အေအဖွဲ့မှ သြဂုတ်လ (၅) ရက်နေ့က မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့အတွက် တံတားတစ်ခုလုံး ရေထဲမျောပါသွားခဲရပြီး မည်သည့်ယာဉ်မှ သွားလာလို့မရရှိတော့ကြောင်း သိရပါတယ်။ ဒရုခ တံတားသည် သံဘောင်ဘေလီတံတား အမျိုးအစားဖြစ်ပြီး အရှည်(၃၀၀) ပေ၊ အကျယ် (၁၈) ပေခန့်ရှိပါတယ်။ ဒါ့အပြင် တံတားအား ကေအိုင်အေ မှ ဒုတိယအကြိမ် ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ယခုလို ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသခံကုန်သည်တွေအနေနဲ့ ဒေသထွက်ကုန်နဲ့ ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်ခဲ့ရတယ်လို့ ပြောဆိုနေကြပါတယ်။

No comments:

Post a Comment

My Blog List