Tuesday, September 10, 2019

ဗြိတိန်ဝန်ကြီးချုပ်၏ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးအဆို ဒုတိယအကြိမ် ပယ်ချခံရ


ဗြိတိန်လွှတ်တော်ထဲမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေးအဆိုကို လွှတ်တော်အမတ်တွေက စက်တင်ဘာ ၁၀ ရက်မှာ ဒုတိယအကြိမ် ပယ်ချလိုက်ပါတယ်။
ဥရောပသမဂ္ဂ ထိပ်သီးညီလာခံကို အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပပြီးဥရောပသမဂ္ဂမှ  ဗြိတိန် နုတ်ထွက်ရေး (ဘရက်ဆစ်) နောက်ဆုံးသတ်မှတ်ရက်ကတော့ အောက်တိုဘာ ၃၁ ရက် ဖြစ်ပါတယ်။
ဒါကြောင့် ဒီအရေးပါတဲ့ ရက်တွေမတိုင်ခင် ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ အောက်တိုဘာလလယ်မှာ ရွေးကောက်ပွဲ ကျင်းပချင်နေပါတယ်။
ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းဟာ သူ့ရာထူးကနေ နုတ်ထွက်မယ်လို့ စက်တင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
တက်ကြွတဲ့ ပင်ကိုစရိုက်နဲ့ ဟန်များတဲ့သွင်ပြင် ရှိတယ်လို့ နာမည်ကြီးတဲ့ ဘာကောင်းဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေး ဘရက်ဆစ် ၃ နှစ်တာ ကာလအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့သူပါ။
လွှတ်တော်ရဲ့ အခန်းကဏ္ဍကို အဆင့်နှိမ့်တာ မလုပ်ဖို့ အစိုးရကို သူက သတိပေးခဲ့ပါတယ်။
အစီအစဉ်တကျ ထုံးစံကို လိုက်နာတတ်သူလို့ သိကြတဲ့ ဘာကောင်းဟာ သူ့အရင် ဆက်ခံသူတွေထက် ပိုပြီး လွှတ်တော်ကို ရပ်တည် ကာကွယ်ပေးခဲ့ပြီးပါပြီ။
ဘရက်ဆစ်အရေး စိတ်ဝင်စားသူ လူမှုကွန်ရက် သုံးစွဲသူတွေနဲ့ ကမ္ဘာတလွှား ရုပ်သံကြည့် ပရိသတ်တွေကြားမှာ သူဟာ အထူးရေပန်းစားသူလည်း ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။
ဘာကောင်းဟာ ၂၀၀၉ ခုနှစ်တည်းက ခုထိ အစိုးရနဲ့ အတိုက်အခံတွေကြား ရပ်တည်ရင်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ထီးနန်းလို မြဲနေခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
DVB 

No comments:

Post a Comment

My Blog List