Wednesday, September 11, 2019

မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးဒုက္ခသည်များအားလှူဒါန်းရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလှူငွေ သန်း ၁၃၀၀ ကျော်ရရှိ



၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် နေရပ်ဒေသများကို ကူညီနိုင်ရန် မြန်မာနိုင်ငံအတွင်းမှ အလှူရှင်များနှင့် ပြည်ပအလှူရှင်များက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည့် စုစုပေါင်းအလှူငွေမှာ သန်း ၁၃၀၀ ကျော်လက်ခံရရှိခဲ့ကြောင်းဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖိုင်ဖြင့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးပြောကြားထားသည်။

“ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအစား ကျေးဇူးတင်စကားနည်းနည်းလေး ပြောချင်ပါတယ်။ ဇွန်လကနေစပြီး ရာသီဥတုကြောင့်မို့ ဒုက္ခသည်တွေ အများကြီးခံစားခဲ့ရပါတယ်။ရေကြီးတယ်၊ မြေပြိုတယ်၊ အိမ်တွေပျက်တယ်၊ လမ်းတွေပျက်တယ်၊ တံတားတွေပျက်တယ်။ အဲဒါကြောင့်မို့ ကျွန်မတို့ပြည်သူတွေအများကြီး ဒုက္ခရောက်ကြပါတယ်။ ကျွန်မတို့ရဲ့ အင်မတန်မှချစ်ဖို့ကောင်းပြီးတော့ စေတနာ၊ မေတ္တာနဲ့ပြည့်ဝတဲ့ နိုင်ငံသူနိုင်ငံသားတွေသာမက ကမ္ဘာတစ်ဝှမ်းကမိတ်ဆွေတွေကလည်း ၀ိုင်းဝန်းပြီးတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူကြပါတယ်။ ရေဘေးဒုက္ခသည်တွေ သဘာဝဘေးဒုက္ခသည်တွေကို ကူဖို့အတွက်ဆိုပြီးတော့ လှူကြတာ အင်မတန်မှအားတက်စရာကောင်းပါတယ်။ ဇွန်လကနေပြီးတော့ စက်တင်ဘာ ဒုတိယပတ်အထိ ကြည့်လိုက်မယ်ဆိုရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ရေဘေးဒုက္ခသည်တွေ အတွက်လှူဖို့ရာ ၀ိုင်းဝန်းပြီးတော့ ပံ့ပိုးတဲ့ငွေဟာ သန်း ၁၃၀၀ ကျော်ဖြစ်သွားပါပြီ။ ဒါဟာတော်တော်မှ ထူးခြားတာပါ။"
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ချမ်းသာသည့်နိုင်ငံမဟုတ်သော်လည်း ပြည်သူပြည်သားများ၏ စိတ်ဓာတ်အင်အားသည် အင်မတန်ချမ်းသာကြောင်း၊ ထိုသို့သော စိတ်စေတနာကောင်းများဖြင့် ၀ိုင်းပြီးကူညီကြခြင်းကြောင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနှင့် ကုသိုလ်အလုပ်များကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူပြည်သားများနှင့် ကမ္ဘာကြီးတိုးတက်ရေးအတွက် အလှူရှင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

The Standard Time Daily

No comments:

Post a Comment

My Blog List